တရားရုံး၌ ကွာရှင်းခွင့် တောင်းထားသော ဒေါ်ဋ္ဌေးဋ္ဌေးသန်း အသက်(၂၄)နှစ်(ဘ) ဦးခင်စိုးက ခင်ပွန်းဖြစ်သူ ဦးထွန်းဝင်းလတ် (ခ) ထွန်းမင်းလတ် အသက်(၂၆)နှစ် (ဘ) ဦးသန်းထွန်းအား နှစ်ဘက်လူကြီးများရှေ့တွင်
ပြန်မပေါင်းလို ကြောင်းပြောသည့် အတွက် ၎င်း၏ မျက်နှာကို ဦးထွန်းဝင်းလတ်က ဓားဖြင့်ခြစ်မှု ဖြစ်ပွား ခဲ့
ကြောင်း ဒေါ်ဋ္ဌေးဋ္ဌေး သန်းက အောက်တိုဘာ၂၃ ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။
““အောက်တိုဘာ၂၁ရက်နေ့က ရုံးကအပြန် ကျွန်မခင်ပွန်းက ကားပေါ်တက် စကားပြောမယ်ဆို ပြီးပြော တယ်။ နောက်တော့ ကားကို ဟိုမောင်းဒီမောင်းနဲ့ အချိန် လည်းတော်တော် လွန်နေပြီ။ နောက် ဆုံးဘယ် လိုမှ မရတဲ့ အဆုံးဟိုဘက် လူကြီး ဒီဘက်လူကြီးတွေနဲ့ သူ့ အဒေါ်အိမ်ဖြစ်တဲ့အမှတ်(၃၆) မာန် ပြေလမ်း၂၀၊ ၃ရပ်ကွက် သာကေတ မှာ စကားတွေပြောကြတယ်။
ကျွန် မတို့မှာ ၅နှစ်အရွယ် ကလေးလည်း ရှိတယ်။ သူက ကျွန်မ ကို နှိပ်စက်လို့ တရားရုံးမှာ ကွာရှင်းခွင့်
တောင်းထားတာပါ။ ဘယ်လိုမှ ပြန်ပေါင်း နိုင်လို့ မဖြစ်တဲ့ အတွက် လူကြီး တွေ ရှေ့မှာပဲ မပေါင်းနိုင်ကြောင်း
ပြောတယ်။ အဲဒါကိုသူက ကျွန်မ နားလာပြီး ပလိတ်ဓားနဲ့မျက်နှာကို ခြစ်လိုက်တယ်””ဟုဒေါ်ဋ္ဌေးဋ္ဌေးသန်း က မြန်မာသံတော်ဆင့် သို့ပြောသည်။
ယင်းသို့ ဒဏ်ရာရရှိမှုကြောင့် ၁၄ချက်ချုပ်ခဲ့ရပြီး သာကေတမြို့ နယ်အမှတ် (၁)ရဲစန်း၌ ဒေါ်ဋ္ဌေးဋ္ဌေးသန်း က တရားလို ပြုလုပ်၍ ဦးထွန်းဝင်းလတ် (ခ) ထွန်းမင်းလတ်ကို ပ/၄၉၂ ပုဒ်မ ၃၂၆(အပြင်းအထန် နာကျင်စေမှု)
ဖြင့်အမှုဖွင့်ထားသည်။
တင်ဇာအောင် | မြန်မာသံတော်ဆင့်သတင်းဌာန

မှတ်ချက်များ