တယ်လီနောဆင်းမ်ကတ် ရန်ကုန်မှာ အောက်တိုဘာနောက်ဆုံးပတ် ရောင်းမယ်

တယ်လီနော ဆင်းမ်ကတ်တွေကို မန္တလေးမြို့တော် မှာရောင်းချပြီး နှစ်ပတ်အကြာမှာ (အောက်တိုဘာ ၁၁ ဝန်းကျင်)ရန်ကုန်မှာ ရောင်းမယ်လို့ကြေညာ ထားပေ မယ့် လောလောဆယ် မရောင်းချနိုင်သေး ဘဲအောက်တိုဘာ ၂၅ နဲ့ ၃၀ ကြားမှာ ရောင်းချပေး သွားမယ်လို့ တယ်လီနောမြန်မာ အမှုဆောင်အရာရှိ ချုပ် Petter Furberg ကပြောပါတယ်။

“2G စနစ်ကတော့ ကောင်းနေပြီ။ 3G network က ရန်ကုန်မှာ ကားနဲ့ပတ်ပြီး စမ်းသပ်တဲ့အခါ နေရာ ၂၀ လောက်မှာ အခက်အခဲဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

ဒီကနေ့ နံနက်ပိုင်းက တယ်လီနောမြန်မာရုံးချုပ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ Petter Furberg က အခုလို ပြောဆိုခဲ့တာပါ။ရန်ကုန်မှာ တယ်လီနောဆင်းကတ်တွေကို ရောင်းချရင် ကတ်တစ်သန်းနဲ့ စတင်
ရောင်းချပေးသွားမယ်။ မှောင်ခို ဈေးကွက်တွေ မပေါ်အောင် မှတ်ပုံတင်တစ်ခုကို ဆင်းမ်ကတ် တစ်ကတ် ပဲ ရောင်းမယ်လို့လည်း Petter Furberg ပြောပါတယ်။

တယ်လီနော ဆင်းမ်ကတ်တွေကို မန္တလေးနဲ့ နေပြည်တော်မှာ စသုံးနေကြပြီ ဖြစ်ပြီး ဖြန့်ချိထားတာ ကတ် တစ်သန်း ရှိပြီလို့ တယ်လီနော မြန်မာထံကနေ သိရပါတယ်။

The Voice

မှတ်ချက်များ