လိုက်ဘေးရီးယား သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး အင်ဂျဲလာကစ်ဆဲလ်ဘုရှ်၏ ယာဉ်မောင်း နီမဲနဲဆူမိုမှာ အီဘိုလာရောဂါဖြင့် သေဆုံးပြီးနောက် ဝန်ကြီးကို ၄င်း၏ ဆန္ဒအရ အထူး သီးသန့် ခန်းတွင်ထားရှိကြောင်း အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုင်ဆက်ဂျက်ဆင်က မြို့တော် မွန်ဂိုဗီးယား၌ ပုံမှန်သတင်းစာရှင်း လင်းပွဲပြုလုပ်ရာတွင် သယ်ယူပို့ဆောင် ရေးဝန်ကြီးကို သီးသန့်ခန်းတွင်ထားရှိသည်ဟု သတင်းထောက် များအား ပြောကြားသည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး မစ္စစ်ဘုရှ်သည် အီဘိုလာရောဂါကူးစက်ခံရ သည်ဟူသော သတင်းဖော်ပြချက် မှာ မဟုတ်မမှန်ကြောင်း ဒုတိယပြန်ကြားရေး ဝန်ကြီးက ငြင်းဆိုပြီး သူမ၏ယာဉ်မောင်းသေဆုံးပြီးနောက် ၄င်း၏ဆန္ဒအရ သီးသန့်ထားရှိခြင်းသာဖြစ်သည်ဟု ပြောကြားသည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီးသည် အောက်တိုဘာ ၃ ရက်နောက်ပိုင်းတွင် ၄င်း၏ယာဉ်မောင်း ဆူမိုနှင့်အ ဆက်အသွယ်မရှိတော့ကြောင်း ယင်းဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ရာတွင် ပြောကြားသည်။
ဝန်ကြီးဘုရှ်သည် ၄င်း၏ယာဉ်မောင်းသေဆုံးပြီးနောက် ကြိုတင်ကာကွယ်မှုပြုလုပ်သည့် အနေဖြင့် ၂၁ ရက် ကြာ သီးသန့်နေထိုင်ရန် မိမိဆန္ဒအလျောက် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဒုတိယပြန်ကြားရေးဝန်ကြီးက ဖြည့် စွက်ပြောကြားသည်။
ထို့အပြင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဆူမိုနှင့် ထိတွေ့ဆက်ဆံ သည့် အရာရှိများနှင့် အမှုထမ်းများ အနေဖြင့် ၂၁ ရက်ကြာ မိမိတို့အိမ်များ တွင်သာနေထိုင်ပြီး ကျန်းမာရေးအခြေအနေများကို စစ်ဆေးကြရန် တိုက်တွန်း ထားကြောင်း သိရသည်။
ဆင်ဟွာ | Myanmaalinn

မှတ်ချက်များ