နမ့်ခမ်းမြို့အနီး ကောင်းဝိုင်းကျေးရွာ၊ ဝါလိုက်ကျေးရွာ၊ နမ့်ဆရီးကျေး ရွာ၊ နမ့်ယားကျေးရွာတို့ မြန်မာစစ်တပ် တပ်မ (၈၈)တပ်ရင်းများ
ရောက်ရှိလာပြီး စစ်ကြောင်း (၄)ကြောင်းဖြင့် TNLA တပ်မတော် တပ်ရင်း (၁၁၂)ရှိရာသို့ ချဉ်းကပ်တိုက်ခိုက်လာနေကြောင်း သိရ သည်။
ကောင်းဝိုင်းကျေးရွာတွင် ရောက်ရှိနေသည့် မြန်မာတပ်များမှ ယနေ့ နံနက်ပိုင်း ၀၈း၃၀မှ စပြီး TNLA တပ်မတော် မိုဘိုင်းစခန်းဆီသို့ ဦး တည်ပြီး လက်နက်ကြီးများ ပစ်ခတ်နေကြောင်းနှင့် လက်နက်ကြီး သံများကြောင့် ကျေးရွာလူထုများ ထိတ်လန့်တကြား ဖြစ်နေကြ သည်။
ယခုသတင်းရေးသားနေသည့်အချိန်ထိ တအန်းတပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိသေးပါ၊ တပ်မ (၈၈)မှ ဆက်လက်ချီတက် ပစ်ခတ်နေပါက တိုက်ပွဲကြီးများ ဖြစ်နိုင်ကြောင်း TNLA အရှေ့တန်းအရာရှိမှ သုံး သပ်ပြောဆိုသည်။
၂၁ ရက်တွင် မြန်မာတပ်မှ တပ်အင်အား ထပ်မံတိုးမြှင့်ပြီးနောက်ပိုင်းတွင် TNLA တပ်မတော်အား လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေကြောင်း တွေ့ရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန | PSLF/TNLA

မှတ်ချက်များ