ISIS အဖွဲ့ခေါင်းဆောင် သည် CIA အဖွဲ့ဝင်ဖြစ်ကြောင်း ချေချင်ညာ ခေါင်းဆောင် ပြောကြား

ရုရှား ချေချင်ညာ ဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်
ဘက်ဒါဒီ အဖြစ် လူသိများသော အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင် အီဘ ရာဟင် ဆမာရီ သည် အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အတွက် အလုပ်လုပ်ပေး နေ သည့်အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ရုရှား ချေချင်ညာ ဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်က ပြော ကြားခဲ့သည်။

ဘက်ဒါဒီ သည် ၄င်း၏ မျက်နှာဖုံးကို ချွတ်၍ CIA အမှုထမ်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းဝန်ခံ ပြော ကြား သင့်ကြောင်း ကာဒီရော့ဗ် က အောက်တိုဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ထို့ပြင် အီရတ် နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ မျိုးနွယ်စု များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် ရက်စက် ကြမ်းတမ်းသော လုပ်ရပ်များကို ဝန်ခံ ပြောကြားရန် ဆမာရီကို ချေချင်ညာ ခေါင်း
ဆောင်က တောင်းဆို ခဲ့ကြောင်း သိရသည်။

အနောက်နိုင်ငံ များရှိ ထောက်လှမ်းရေး အဖွဲ့များသည် အကြမ်းဖက် သမားများကို နည်းလမ်း အမျိုးမျိုးဖြင့် အကူအညီများ ပေးလျက် ရှိကြောင်း၊ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းမည့် ချေချင်ညာ မျိုးနွယ်စုများ ကိုလည်း ဒေသအတွင်းသို့ ပြန်လာခွင့် ပြုမည် မဟုတ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထို့ကြောင့် ချေချင်ညာ ဒေသရှိ တပ်ဖွဲ့ဝင် များသည် ဆမာရီ နှင့် အခြား ISIS စစ်သွေးကြွ များကို ဖယ်ရှား ရှင်းလင်းရန် ကြိုးပမ်းလျက် ရှိကြောင်း သိရှိရသည်။

PyiChitThar

မှတ်ချက်များ