ကားမောင်းသူနဲ့ လမ်းဖြတ်ကူးသူတွေ အပြန်အလှန် လေးစားဖို့ လိုသလား


ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ ကားတစီးက လမ်းဖြတ်ကူးသူသုံးဦးကိုဝင်တိုက်တယ်၊ တဦး သေဆုံး၏ သွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဖြစ်တာက ညသန်းခေါင်အချိန် လို့ဆိုတယ်။

ကားရှေ့မီးမထွန်းဘူးလား၊ လမ်းမီးမလင်းဘူးလား၊ မောင်းတဲ့သူ မူးနေသလားဆိုတာကလည်း မေးစရာပါပဲ။

ကားတွေများပြား၊ လူတွေ များပြားတဲ့ ရန်ကုန်မြို့မှာ ကားလမ်းဖြတ်ကူးတဲ့အခါ အင်မတန် ဂရုစိုက်ရပါတယ်။

ယဉ်ကျေးမှုအရ၊ ဥပဒေအရ ဆိုရင် ယာဉ်မောင်းသူက လမ်းဖြတ်ကူးသူကို ဦးစားပေးရပါမယ်။ မတော်တဆ မှုဖြစ်လို့ အရေးယူခံရပြီဆိုရင် ယာဉ်မောင်းသူပဲ ခံရမှာပါ။သို့သော်လည်း ရန်ကုန်က ကားသမားအများအ
ပြားက လမ်းဖြတ်ကူးသူကို ဦးစားမပေးကြပါဘူး။

(အများအပြား ဆိုတာ ကားသမား အများစုကို မဆိုလို၊ ကားသမား အားလုံးကို မဆိုလိုပါ။)

ရန်သူလို သဘောထားကြတာမျိုးတောင် ကြုံဖူးကြပါလိမ့်မယ်။လမ်းဖြတ်ကူးတာကို မြင်ပါလျက်နဲ့ အရှိန်မ
လျှော့တာမျိုး၊ အရှိန်ပိုမြင့်လိုက်တာမျိုး။

တက္ကစီသမားတချို့ဆိုရင် လမ်းကူးသူကို ဆဲလိုက်ပါသေးတယ်။လမ်းကူးသူက မကြားပေမယ့် သူ့ကားငှားစီး တဲ့သူကတော့ ကြားပါတယ်။

ယာဉ်ထိန်းရဲတွေ အင်အားများလာမယ်၊ စောင့်ကြည့်ဒဏ်ရိုက်မယ် ဆိုတဲ့ ကာလ ရောက်ရင်တော့ ကားသ မားတွေက လမ်းစည်းကမ်းပိုလိုက်နာကြမယ်လို့ ယူဆရပါတယ်။ဒီလိုကာလ ရောက်ဖို့က အနှစ် ၂၀ လည်း ကြာသွားနိုင်ပါတယ်။

မယဉ်ကျေးတဲ့ ကားသမားတွေ ယဉ်ကျေးလာဖို့ဆိုတာ ဥပဒေစိုးမိုးမှု မရှိမဖြစ် လိုပါလိမ့်မယ်။

လမ်းကူးသူများဘက်ကလည်း ယဉ်ကျေးဖို့ လိုပါတယ်။

ရန်ကုန်မှာ လမ်းဖြတ်ကူးသူတွေဘက်က မှားယွင်းတာမျိုးလည်း ရှိပါတယ်။ ဥပမာ – မီးပွိုင့်မှာ လမ်းကူးတဲ့ အခါ လူတလှည့် ကားတလှည့် ဖြတ်ရမှာပါ။ သို့သော်လည်း လမ်းဖြတ်ကူးသူ အများစု/အားလုံးနီးပါးက မီးပွိုင့် အနီအစိမ်းကို ဂရုမစိုက်ပါဘူး။

ခြေလှမ်းငါးလှမ်းစာလောက်အထိ ကားကြောပြတ်တယ်ယူဆရင်ပဲ လမ်းဖြတ်ကူးကြပါတော့တယ်။ အရေးတကြီးသွားစရာရှိရှိ မရှိရှိ အဲဒီလို ကူးကြခြင်းပါ။

ကားမောင်းသူတွေ လမ်းဖြတ်ကူးသူတွေ အပြန်အလှန် လေးစားမှု ရှိကြတဲ့ ယဉ်ကျေးမှု ထွန်းကားရေးကို ရုပ်သံ၊ ဗီဒီယို၊ သတင်းဌာန စတဲ့ မီဒီယာမျိုးစုံက အနည်းနဲ့အများ အကူအညီပေးနိုင်ပါတယ်။
စာသင်ကျောင်းတွေကလည်း ကူညီနိုင်ပါတယ်။ တကယ်ကူညီကြဖို့ပဲ လိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ယာဉ်တိုက်မှုတခုအကြောင်း သတင်းထုတ်ပြန်ချက်ကို ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
လမ်းကူးသူ အမျိုးသား(၃)ဦး ယာဉ်တိုက်ခံရသဖြင့် (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၀

၁၉.၁၀.၂၀၁၄ရက်နေ့ ၀၀၃၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းအတိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ကိုအောင်ကျော်မိုး (၃၁)နှစ်မောင်းနှင်လာသော 4F— Lite Ace အဖြူရောင် ယာဉ်သည်

ကုလားစုမှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသူများဖြစ်ကြသည့် အသက် (၃၀)နှစ်ခန့် အမည်မသိအမျိုးသား(၁)ဦး၊ အသက် (၂၅)နှစ်ခန့်ရှိ အမည်မသိအမျိုးသား (၁)ဦးနှင့် ရန်ကင်း မြို့နယ် နေ မောင်ဟိန်းအောင်ထွဋ် (၂၀)နှစ်တို့ (၃)ဦးအားဝင်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့်အမည်မသိအသက်(၃၀)နှစ်ခန့်ရှိအမျိုးသားမှာ နှာခေါင်းနှင့်ဝဲနားတို့တွင် သွေး ထွက်ဒဏ်ရာများရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပြီး

အသက် (၂၅)နှစ်ခန့်ရှိ အမည်မသိအမျိုးသားတွင်ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့်အောင်ထွဋ်တွင် ရင်ဘတ်နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ) များ အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်ကျော်မိုးအား သင်္ဃန်းကျွန်း မြို့မရဲစခန်းယာဉ် (ပ)၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
ဧရာဝတီ

မှတ်ချက်များ