Converse က ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီများကို တရားစွဲ


ကမ္ဘာကျော် ဖိနပ်ကုမ္ပဏီ Converse က ၎င်း၏ နှစ်တစ်ရာ သက်တမ်း တည်မြဲခဲ့သည့် ဖိနပ်ဒီဇိုင်းများကို Wal-Mart နှင့် Ralph Lauren တို့ အပါအဝင် ကုမ္ပဏီများစွာက ပုံတူကူးယူ သည်ဟု တရားစွဲ ထားသည်။

၁၉၁၇ ခုနှစ် အတွင်းက ပါရမီရှင် Chuck Taylor ဒီဇိုင်းထုတ်ခဲ့သည့် Converse ဖိနပ်ပုံစံကို ပြိုင်ဘက် ကုမ္ပဏီ များက ပုံတူကူးချနေသည်ဟု တိုင်တန်းခြင်းဖြစ်သည်။

ကနေဒါ၊ သြစတြေးလျ၊ အီတလီ၊ တရုတ်နှင့် ဂျပန်တို့ တွင် အခြေစိုက်သည့် ကုမ္ပဏီများကို တိုင်ကြားသည့် တရားရေးအမှုတွဲ များကို နယူးယောက်တွင် Converse က စွဲဆို တင်ထားပြီဖြစ်သည်။ Nike ကုမ္ပဏီ၏ လက်ခွဲဖြစ်သည့် Converse ကုမ္ပဏီက ယင်းတို့ပိုင် ဖိနပ်ဒီဇိုင်း များကို ပုံတူကူး ရောင်းချခြင်းကို အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး ကော်မရှင်က တားမြစ်ပေးစေလိုသည်။

မျှတသည့် ပြိုင်ဆိုင်မှုကို မကြောက်ကြောင်း၊ သို့ သော်လည်း Chuck ၏ စံပြဒီဇိုင်းကို ပုံတူကူးခွင့်တော့ မရှိကြောင်း Converse အမှုဆောင် အရာရှိချုပ် ဂျင်ကယ်ဟွန်ကပြောသည်။

ဒီဇိုင်းပုံတူကူးကာ ရောင်းချထားသည့် ဖိနပ်များ တစ်ဘီလီယံရှိပြီး ကုမ္မဏီ၏ အမြတ်ငွေ သန်းရာနှင့်ချီ၍ ဆုံးရှုံးကြောင်း Converse က ပြောသည်။ ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ကာကွယ်ရန် အမှုတွဲပေါင်း ၁၈၀ ပေးပို့ ထားပြီဖြစ်သည်။

၂၀၀၃ ခုနှစ်အတွင်းက Converse ကို အမေရိကန် နာမည်ကြီး အားကစား ပစ္စည်း ကုမ္ပဏီ Nike က အမေရိ ကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် ဝယ်ယူခဲ့ပြီး ပြီးခဲ့သည့်နှစ် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံ ရောင်း ချနိုင်ခဲ့ကြောင်း နယူးယောက်တိုင်းမ်က သတင်းဖော်ပြ ခဲ့သည်။

mizzima

မှတ်ချက်များ