Grumpy Cat ထက်ပိုစိတ်ဆိုးတဲ့ ရုပ်နဲ့ ကြောင်လေး Garfi
စိတ်ဆိုး ဒေါသ ထွက်နေတဲ့ ရုပ်နဲ့ နာမည်ကြီးသွားတဲ့ Grumpy Cat ကိုတော့ သိကြမှာပါ။ ယခုတော့ သူ့ ထက် ပိုပြီးတော့ စိတ်ဆိုးတဲ့ မျက်နှာပေးနဲ့ ကြောင် တစ်ကောင် ပေါ်ပေါက်လာပါပြီ။ ဒီတော့ meme ဟာသ လုပ်လိုသူများ အတွက် နောက်ထပ် ကုန်ကြမ်းတစ်ခု ရသွား သလိုပါပဲ။
တူရကီ နိုင်ငံမှ ပိုင်ရှင် Hulya Ozkok ရဲ့ ကြောင်ဖြစ်ပြီး ပုံမှာ မြင်တွေ့ ရသလိုပဲ အမွေးထူထူ ရွှေဝါရောင်
ကြောင်လေး ဖြစ်ပါတယ်။ ထူးခြားချက်က သူ့ရဲ့ မျက်နှာပေးဟာ အလိုအလျောက် စိတ်ဆိုးနေတဲ့ဟန်
ပေါ်ပေါက်နေခြင်း ဖြစ်ပါ တယ်။ အမှန်တော့ သူဟာ ဘယ်သူ့ကိုမှ စိတ်မဆိုးပါဘူး။ မျက်လုံး၊ မျက်တောင် နဲ့ မျက်နှာ တစ်ခုလုံးရဲ့ အနေအထားကို စိတ်ဆိုးနေတယ်လို့ ထင်ချင်စရာ ဖြစ်နေ လို့ ဖြစ်ပါတယ်။
Garfi ရဲ့ ဓာတ်ပုံများကို www.facebook.com/Garfithecat မှာ ရှာဖွေ တွေ့ ရှိ နိုင် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ