Google က မိတ်ဆက်ပေးလိုက်တဲ့ Nexus မျိုးဆက်သစ်တွေကတော့ Nexus Player, Nexus 9 နဲ့ Nexus 6 တို့ပဲဖြစ်ပါတယ်။ ထို့အတူ Android Version 5.0 ရဲ့ code name ကို အားလုံးခန့်မှန်ထားတဲ့အတိုင်း Lollipop လို့နာမည်ပေးထားပါတယ်။ Android 5.0(Lollipop) မှာ ယခင် Android Version တွေနဲ့မတူ ပြန်လည်ဆန်း သစ်ထားတဲ့ Material Design ကြောင့် Android Fans တွေအားလုံး ကျေနပ်အားရမှူရှိနေကြပါတယ်။
Nexus 6 (Motorola)
Nexus 6 ကို အောက်တိုဘာ (၂၉)ရက်နေ့မှာ Pre-Order စတင်မှာယူနိုင်မှာဖြစ်ပြီး ဈေးနှူန်းတွေကတော့ 32GB ကို $649 ၊ 64GB ကို $699 ကျသင့်မှာဖြစ်ပါတယ်။ ယခင် Nexus ဖုန်းတွေထက် ဈေးနှူန်းမြင့်မားနေပါ တယ်။ ယခင် Nexus 5 နဲ့အဓိက ကွာခြားမှူတွေကတော့ Screensize ပိုမိုကြီးမားပါတယ်။ အလေးချိန်လည်း ပိုများပါတယ်။ အသံပိုင်းဆိုင်ရာ ပိုမိုအားသာပါတယ်။ Storage အနေနဲ့ 32GB ကအနည်းဆုံးဖြစ်သွားပါ တယ်။ RAM 3GB ပါဝင်ပါတယ်။ Camera ပိုင်းဆိုင်ရာ အားသာချက်တွေ အများကြီးရှိပါတယ်။ Processor နဲ့ Battery ပိုင်းဆိုင်ရာမှာလည်း အားသာလာပါတယ်။ ရေဆိုခံနိုင်ပါတယ်။
Specifications
OS - Android 5.0, Lollipop ,
Processor - 2.7GHz Qualcomm® Snapdragon™ 805 with quad-core CPU , GPU - Adreno 420 ,
Memory (RAM) 3GB ,
Storage 32 GB & 64 GB ,
Weight - 184 grams(6.49 ounces) ,
Display - 5.96” AMOLED, 1440x2560, 16:9 aspect ratio, 493 ppi, Corning® Gorilla Glass® 3 ,
Battery - 3220 mAh ,
Water Resistant ,
Camera - 13MP rear-facing with optical image stabilization & 2MP front-facing ,
Speakers - Dual Front Facing Stereo Speakers,
Video Capture - 1080p HD and 2160p Ultra HD Video, 30fps (MPEG4, H.264) ,
Base Color - Midnight Blue & Cloud White
Nexus 9 (HTC)
Nexus 9 ကို အောက်တိုဘာ (၁၇)ရက်နေ့မှာ Pre-Order စတင်မှာယူနိုင်မှာဖြစ်ပြီး ဈေးနှူန်းတွေကတော့ 16GB ကို $399 ၊ 32GB ကို $479 ဖြစ်ပြီး 32GB(LTE) ကို $599 ကျသင့်မှာဖြစ်ပါတယ်။ ယခင် Nexus 7 နဲ့ အဓိက ကွာခြားမှူတွေကတော့ Screensize ပိုမိုကြီးမားလာပြီး Corning Gorilla Glass 3 ကိုအသုံးပြုထား ပါတယ်။ အလေးချိန်လည်း ပိုများပါတယ်။ အသံပိုင်းဆိုင်ရာမှာ HTC BoomSound Speakers ထည့်သွင်းအ သုံးပြုထားပါတယ်။ NFC မပါဝင်ပါဘူး။ Camera အရေအသွေးပိုမိုကောင်းမွန်လာပါတယ်။ 64-bit NVIDIA Tegra K1 processor 2.3 GHz ကိုအသုံးပြုထားပါတယ်။ Battery ပိုင်းဆိုင်ရာအားသာမှူရှိတဲ့အပြင် သေသပ် လှပတဲ့ Tablet တစ်လုံးဖြစ်ပါတယ်။
Specifications
OS - Android 5.0, Lollipop ,
Display - 8.9" IPS LCD ,
Battery - 6700 mAh ,
Camera - 8MP rear camera, 1.6MP front camera ,
Processor - CPU: 64-bit NVIDIA Tegra K1 processor 2.3 GHz,
GPU: Kepler DX1,
Memory: 16 GB & 32 GB,
RAM - 2GB,
three colors
https://android.com/versions/lollipop-5-0/
http://www.google.com/nexus/6/
http://www.google.com/nexus/9/
မိုးလုံးပြည့်လျှံ | ရိုးရာလေး

မှတ်ချက်များ