IS အဖွဲ့သို့ဝင်ရန် ကြိုးပမ်းသည့် ဂျပန်ကျောင်းသား ဖမ်းဆီးခံရ
အီရတ်နှင့် ဆီးရီးယားနိုင်ငံအတွင်းရှိ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (IS)နှင့်ဆက်သွယ်ရန်အတွက်ဆီးရီးယား
နိုင်ငံအတွင်း သို့သွားရောက်ရန်ကြိုးပမ်းသည့် ဂျပန်တက္ကသိုလ်ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး ခဲ့ပြီး ၎င်း၏နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းဆည်း လိုက်ကြောင်း သိရသည်။
ယင်းဖြစ်ရပ်သည် ဂျပန်နိုင်ငံတွင်း ဖြစ်ပွားသောပထမဆုံးဖြစ်ရပ်ဖြစ်သည်။ ဟိုကိုင်းဒိုးတက္ကသိုလ်မှ ခွင်မဲ့ ပျက်ကွက်နေသူ အသက်၂၆နှစ် အရွယ်ရှိ အဆိုပါကျောင်းသားသည် မွတ်ဆလင် တစ်ဦးဖြစ်ပြီး ၎င်းသည်
အောက်တိုဘာ ၇ ရက်က လေယာဉ်ဖြင့် ဂျပန်နိုင်ငံမှထွက်ခွာ၍ တူရ ကီနိုင်ငံမှတစ်ဆင့် ဆီးရီးယားနိုင်ငံအ တွင်းသို့ ၀င်ရောက်ရန်စီစဉ်ထားကြောင်း သိရသည်။
“ကျွန်တော်က IS အဖွဲ့မှာ တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်လိုပါတယ်”ဟု ၎င်းက ရဲတပ်ဖွဲ့ကိုပြောကြားခဲ့သည်။
အစိုးရအဖွဲ့အကြီးအကဲ ယိုရှီဟီဒီဆူဂါးက “ရဲတပ်ဖွဲ့အနေနဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေအပေါ်အခြေခံပြီး ဒီကိစ္စကို စုံစမ်း စစ်ဆေးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေတဲ့အတွက် ကျွန်တော်တို့က သည့်ထက်ပိုပြီးတော့ ထင်မြင့်ချက် ပေးနိုင်သေးပါဘူး “ဟု သတင်းထောက်များကိုပြော ကြားခဲ့သည်။
အဆိုပါကျောင်းသားသည် အရင်က ဆီးရီးယားသို့တစ်ခါမျှမရောက်ဖူးကြောင်းနှင့် ၎င်းအား ပြည်ပနိုင်ငံတွင် စစ်ရေးလုပ်ဆောင်မှုများကို လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်မှု သို့မဟုတ် အရပ်သားများအား လျှို့ဝှက် ပူးပေါင်းကြံစည်မှုဆိုင်ရာလုပ်ငန်းများအတွက် တားမြစ်ထားသည့် ဥပဒေအရ ထိန်းသိမ်းထားသည်။
.
ရဲတပ်ဖွဲ့သည် အခြားအမျိုးသားသုံးဦးနှင့် ယင်းကျောင်းသား နေထိုင်ရာတိုကျိုမြို့ရှိနေအိမ်တွင် ရှာဖွေမှု များပြုလုပ်ခဲ့ရာ အပြစ်ရှိကြောင်း သက်သေအထောက်အထားများကိုတွေ့ရှိခဲ့ပြီး ၎င်းသည် သုံးလမှ ငါးနှစ် အထိ ထောင်ဒဏ်ကျခံရနိုင်ဖွယ်ရှိသည်။
ယင်းကျောင်းသားသည် လူသစ်စုဆောင်းသူများနှင့် ဆုံတွေ့ခဲ့ရခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ ရှင်းရှင်းလင်း လင်းမသိရှိရသေးပေ။
“တိုကျိုမြို့လယ် စာအုပ်အဟောင်းဆိုင်အပြင်ဘက်မှာ ကပ်ထားတဲ့ ကြော်ငြာကို တွေ့ရှိခဲ့ရာကနေ အခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆီးရီးယားတွင် အလုပ်လုပ်လိုပါက အသေးစိတ် အချက်လက်များကို မေးမြန်း
နိုင် ပါတယ်လို့ဖော်ပြထားပါတယ်”ဟု ၎င်းကပြောကြားသည်။
mizzima

မှတ်ချက်များ