Kurdishဆန္ဒပြသူနဲ့ တူရကီရဲအကြား ပဋိပက္ခဖြစ်၊ ၂၀ ကျော်သေ
တူရကီနိုင်ငံမှာ ဆန္ဒပြနေကြတဲ့ Kurdish လူမျိုးတွေနဲ့ တူရကီရဲတွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာက အနည်း ဆုံး လူ ၂၁ ယောက် သေဆုံးခဲ့ရပါတယ်။
ဆီးရီးယားနိုင်ငံက Kurdish လူမျိုးတွေနေထိုင်တဲ့ ကိုဘာနီမြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဝင်
ရောက်တိုက်ခိုက်တာကို အိမ်နီးချင်း တူရကီအစိုးရက အကာအကွယ် မပေးတဲ့အပေါ် ဆန္ဒပြကြရာက လုံထိန်းရဲတွေနဲ့ ပဋိပက္ခဖြစ်ပြီး သေဆုံးခဲ့ရတာပါ။
တူရကီနိုင်ငံမှာ နေထိုင်ကြတဲ့ Kurdish လူမျိုးတွေက ကိုဘာနီမြို့ကို ကာကွယ်ပေးဖို့ တူရကီကို တောင်း ဆိုတဲ့အနေနဲ့ Kurdish လူမျိုးတွေ နေထိုင်မှုများတဲ့ တူရကီ အရှေ့တောင်ပိုင်း၊ မြို့တော် အီစတန်ဘူလ်နဲ့ အန်ကာရာ မြို့တွေမှာ ဆန္ဒပြကြရာက ရဲတွေက မျက်ရည်ယှိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲရာက ပဋိပ က္ခဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဖြစ်ပေါ်ပြီးနောက် ပြည်နယ်တချို့မှာ ကာဖြူးအမိန့်ချထားလိုက်ပါတယ်။
IS တပ်ဖွဲ့ရဲ့ လက်ထဲ ကိုဘာနီ မကျရောက်အောင် Kurdish တပ်တွေနဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့တွေက ကြိုးစားနေပြီး တူရကီနိုင်ငံကပါ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
တူရကီကတော့ ဆီးရီးယားနိုင်ငံအတွင်းက ဆူနီမွတ်စလင် စစ်သွေးကြွအပါအဝင် သမ္မတ Bashar al-Assad ကိုပါ တိုက်ခိုက်ဖို့ အမေရိကန် သဘောတူမှသာ ပါဝင်နိုင်မယ်လို့ ပြောနေပါတယ်။
အမေရိကန်က မနေ့တုန်းက ကိုဘာနီမြို့မှာ ထိုးစစ်ဆင် တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အတွက် IS စစ်သွေးကြွ ဖက်က ထိုးစစ်ဆင်မှုတွေ ကျဆင်းလာပြီး တချို့နေရာမှာဆိုရင် IS ဘက်က တိုက်ခိုက်မှုတွေ ရပ်တန့်လိုက် တဲ့အထိ ဖြစ်ခဲ့တယ်လို့ အေဘီစီ သတင်းထောက် Hayden Cooper က ပြောပါတယ်။
ABC Radio Australia

မှတ်ချက်များ