မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် LGBT ရုပ်ရှင်ပွဲတော်
မြန်မာနိုင်ငံမှာ ပထမဆုံး LGBT ရုပ်ရှင်ပွဲတော်တခု ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ယဉ်ကျေးမှု စင်တာမှာ ကျင်းပဖို့ ရှိပါတယ်။
အာဆီယံ နိုင်ငံများရဲ့ LGBT ရုပ်ရှင်ပွဲတော်မှာ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်းစတဲ့အာဆီယံ နိုင်ငံ
တွေက ရုပ်ရှင် ဇာတ်ကားပေါင်း ၃၀ ကျော်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ ထိ ပြသမှာဖြစ်ပါတယ်။
အခုလို ရုပ်ရှင်ပွဲတော် လုပ်လိုက်တာကြောင့် LGBT တွေအပေါ် အမူအကျင့် အပြောင်းအလဲဖြစ်စေဖို့ အထောက်အပံ့ ဖြစ်မယ်လို့ စီစဉ်သူတွေက မျှော်လင့်ထားကြောင်း သိရပါတယ်။
ရုပ်ရှင် ပွဲတော်မှာ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေနဲ့ ပြပွဲတွေလည်း ရှိပါမယ်။
အိမ့်သံစဉ်


မှတ်ချက်များ