၂၀၁၄ နှစ်မကုန်မီ မြို့ကြီးသုံးမြို့တွင် MPT အမှတ်တံဆိပ် အရောင်းဆိုင်များ ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် MPT အမှတ်တံဆိပ် အရောင်းဆိုင် (MPT Brand Shop) ဆိုင်များကို ၂၀၁၄ မကုန်မီ ဖွင့်လှစ်သွားရန် ပြင်ဆင်နေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဈေး ကွက်စီးပွားရေးဒါရိုက်တာ ဦးစောထူးသာက ပြောသည်။

ဦးစောထူးသာက “MPT အမှတ်တံဆိပ်ပစ္စည်းတွေပဲ သီးသန့်ရောင်းမယ့် ဆိုင်ဖြစ်ပါတယ်။ ဖုန်းဆင်းမ် ကတ်တွေ၊ ငွေဖြည့်ကတ်တွေနဲ့ ဟန်းဆက်တွေ အာလုံး တွဲဖတ်ရောင်းချပေးသွားမှာပါ။ အရင်ဆုံးတော့ မြို့ကြီးတွေမှာ ဖွင့်လှစ်နိုင်အောင် လုပ်နေပါတယ်” ဟု ဆိုသည်။

ဆက်လက်၍လည်း တစ်နိုင်ငံလုံးအနေဖြင့် မြို့များတွင် MPT အမှတ်တံဆိပ် အရောင်းဆိုင်များကို ဖွင့် လှစ်နိုင်ရန် စီစဉ်သွားမည်ဟုဆိုသည်။ လက်ရှိတွင် MPT ၏ မိုဘိုင်းဆင်းမ်ကတ်များကို ဖြန့်ချိရေး ကုမ္ပဏီ ၁၃ ခုနှင့် တိုက်ရိုက်အရောင်းကုမ္ပဏီ ၂၂ ခုတို့ဖြင့် ဖြန့်ချိလျက်ရှိပြီး အရောင်းဆိုင်များ ထပ်မံ တိုးမြှင့်သွား ရန်ရှိသည်ဟုလည်း ဆိုသည်။

ဦးစောထူးသာက “ အရင်က ပြောထားတဲ့အတိုင်း ဒီနှစ်မကုန်မှီ ဆင်းမ်ကတ် ငါးသန်းကို ပြည့်မှီအောင်
ရောင်းချဖို့လုပ်နေတယ်။ အခုအချိန်ထိ တစ်လကျော်အတွင်းမှာ MPT ဆင်းမ်ကတ် တစ်သန်း သုံးသိန်း
ကျော်အထိ ချထားပေးပြီးပါပြီ။ ဖုန်းလိုင်း ကြပ်တည်းမှုTraffic အခြေအနေကိုကြည့်ပြီး ချပေးနေရတယ်” ဟု ပြောသည်။

MPTဆင်းမ်ကတ်များကို ဈေးကွက်အတွင်းဝယ်ယူရာတွင် လုံလောက်စွာ ရောင်းချပေးနိုင်ခြင်း မရှိသည့် အတွက် မှောင်ခိုဈေးကွက်များတွင် ဆင်းမ်ကတ် ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လျက်ရှိပြီး၊ ဟန်းဆက်သို့ ဖုန်းငွေဖြည့်ကတ်ဖြင့် တွဲဖတ်ရောင်းချခြင်းမျိုး ပြုလုပ်လာသည့်အထိ ရှိနေသည်။

စ, ချိုကို | mizzima

မှတ်ချက်များ