ဝေါ့ဒစ္စနေရဲ့ Three Classic Fairly Tales ရန်ကုန်မှာ စတင် ကပြ


ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ မစ်ကီမောက်စ်၊ မင်နီမောက်စ် အပါအဝင် ဝေါ့ဒစ္စနေးရဲ့ ဇာတ်ကောင်တွေ ကပြ တင်ဆက်တဲ့ Three Classic Fairly Tales အစီအစဉ်ကို မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် စတင် ကျင်းပ ပြုလုပ်နေပါတယ်။

အဲဒီ တင်ဆက်မှု အစီအစဉ်မှာ ဝေါ့ဒစ္စနေရဲ့ နာမည်ကျော် ဇာတ်လမ်း ၃ခု ဖြစ်တဲ့ စနိုးဝှိုက်နဲ့ လူပုလေး ခုနစ်ယောက်၊ စင်ဒရဲလား၊ Beauty & The Beast တို့ကို ကပြ တင်ဆက်သွားမှာ ဖြစ်ပြီး Disney ရဲ့ ဇာတ်ကောင် ၂၅ ဦး ပါဝင်မယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့၊ Myanmar Event Park မှာ အောက်တိုဘာ ၈ ရက် ကနေ ၁၂ ရက် အထိ ကပြ တင်ဆက်မှာ ဖြစ် ပြီး လက်မှတ် ဈေးနှုန်းတွေကတော့ ကျပ်တစ်သောင်းမှ တစ်သိန်းအထိ အမျိုးအစား ၅ မျိုး သတ်မှတ် ထား တယ်လို့ သိရပါတယ်။

BBC Burmese

မှတ်ချက်များ