ဘိုလာ ရောဂါကြောင့် သေဆုံးမှုနှုန်း၇၀ရာခိုင်နှုန်းအထိ မြင့်တက်နေပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း ( WHO ) က တရားဝင် သတိပေး


အီဘိုလာ ရောဂါ ဖြစ်ပွားနှုန်းဟာ နောက်နှစ်လ အတွင်း တစ်ပတ်ကို ၁၀,၀၀၀ အခန့်အထိ အရေအတွက်ရှိ လာနိုင် ပြီး သေဆုံးမှုနှုန်းဟာ အခု ၇၀ ရာခိုင်နှုန်း အထိ မြင့်တက်နေပြီ လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း
(WHO ) က တရားဝင် သတိပေးလိုက်ပါတယ်။

သေဆုံးမှုနှုန်း ၇၀ ရာခိုင်နှုန်း ဆိုတာဟာ သေဆုံးမှု မြင့်တဲ့ရောဂါတစ်ခုရဲ့ အခြေအနေဖြစ်ပြီး ကုလသမဂ္ဂ ကျန်းမာရေး အဖွဲ့တွေကလည်း နာမကျန်းဖြစ်နေတဲ့ ရောဂါသည်တွေကို သီးခြားထားနိုင်အောင် ကြိုးစားနေ ပြီး အတတ်နိုင်ဆုံး မြန်ဆန်စွာ ကုသမှု ပြုလုပ်ပေးရန် ဦးတည်နေဆဲဖြစ်တယ်လို့ WHO ရဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဒေါက်တာ Bruce Aylward ကဆိုပါတယ်။

အီဘိုလာ ပြသနာကို ရက်ပေါင်း ၆၀ အတွင်း တုံပြန်ဖြေရှင်းဖို့ မကြိုးစားရင် လူတွေပိုသေနိုင်တယ်လို့ ဒေါက် တာ Bruce ကဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်လ ခန့်က အီဘိုလာရောဂါ ဖြစ်ပွားနှုန်းဟာ တစ်ပတ်ကို ၁၀၀၀ ခန့် သာ အရေအတွက်ရှိခဲ့ရာကနေ နောက်နှစ်လ အတွင်း တစ်ပတ်ကို ၁၀၀၀၀ ခန့် အရေအတွက် ရှိလာလိမ့် မယ်လို့ ဒေါက်တာ Bruce က သတိပေးထားပါတယ်။

အီဘိုလာရောဂါကြောင့် အနောက် အာဖရိက ဒေသတွေမှာသေဆုံးသူ ၄၄၄၇ ယောက်ရှိခဲ့ပြီး ရောဂါဖြစ်နေ တယ်လို့ ထင်ရတဲ့သူ ၈၉၁၄ ယောက်ရှိနေပြီး အီဘိုလာရောဂါဟာ Sierra Leone၊ Guinea နဲ့ Liberia နိုင်ငံ
တွေကိုလည်း စတင်ပျံ့နှံ့ရောက်ရှိနေပြီလို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ