နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရားစွဲ ခံထားရတဲ့ မြန်မာသံတော်ဆင့် သတင်းဂျာ နယ်က ထုတ်
ဝေသူနဲ့ အယ်ဒီတာချုပ်အပါအ၀င် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့ နယ်တရားရုံးမှာ တစ်ဦးကို အာမ ခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံရ ရှိခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလို လုပ်ပြီး ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှုနဲ့ တရားစွဲဆိုထား တာဖြစ်ပါတယ်။
တရားရုံးချိန်းမှာ တရားစွဲခံရသူ ၁၁ ဦးကို အပြစ်ရှိ မရှိ မေး
မြန်းစစ်ဆေးပြီးနောက် အာမခံရရှိခဲ့တယ်လို့ မြန်မာသံတော် ဆင့် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်း လင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေခဲ့တဲ့ မြန်မာသံ
တော်ဆင့် သတင်းဂျာနယ်မှာ ဒုတိယအယ်ဒီတာ ချုပ် အံ့ခေါင်မင်းနဲ့ ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမျိုး ရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းချက်ကဏ္ဍကို ဖော်ပြခဲ့ပါတယ်။
အဲဒီမေးမြန်းချက်မှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အသုံးအနှုန်းတွေ ဖော်ပြခဲ့တဲ့အ တွက် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအ၀င် ၁၁ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့က စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။
RFA Burmese

မှတ်ချက်များ