ပဲခူးရိုးမတောင်ပေါ်တွင် ၀ါးသည်ယာဉ်တိမ်းမှောက်ရာ ၃ ဦး ကားခေါင်း အတွင်း ညှပ်ပြီး သေဆုံး


သတင်း + ဓါတ်ပုံ -  ပန်းချီသန်းဝင်း
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့် က ပဲခူးရိုးမတောင်ပေါ် မြို့ ချောင်း - မင်းလှ - စိန်ကန့်  လန် လမ်း မိုင်တိုင် အမှတ် (၆၄/၇) နဲ့ (၆၄/၈)ကြားမှာ ၀ါးများ သယ်ဆောင် လာသည့် ယာဉ်တိမ်းမှောက် မှု ကြောင့် ၃ ဦး သေဆုံး သွားကြောင်း သတင်းရရှိပါတယ်။

အဆိုပါ လမ်းအတိုင်း မင်းလှမြို့ ဘက်ကနေ မြို့ ချောင်းဘက်ကို ဦးတည်မောင်းနှင် လာတဲ့ ဒ/၉၆၂၂ တိုယိုတာဒိုင်နာ(ဖြူပြာရောင်)(၆)ဘီးယာဉ်ဟာ ရှေ့ဘရိတ်ပေါက်ပြီး လမ်းရဲ့  ဝဲဘက်ခြမ်း လမ်းဘေး အ ကျယ်(၈)ပေ အနက်(၃)ပေ ရေမြောင်းထဲကို ပက်လက်အနေအထားနဲ့ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှု ဖြစ်တဲ့ နေရာနဲ့ အနီးဆုံး ရဲစခန်းဖြစ်တဲ့ ဖဒိုနယ်မြေရဲ စခန်းက စခန်းမှူး ရဲအုပ် အောင်
ကျော်ဦး နဲ့ အဖွဲ့ သွားရောက် စစ်ဆေးရာမှာ ဒိုက်ဦးမြို့ နေ ယာဉ်မောင်း ကိုမင်းသက်အောင် ၊ ယာဉ်နောက် လိုက် ကိုဇေယျာနဲ့ အလုပ်သမား ကိုစိုးဝင်း တို့ ၃ ဦးစလုံး ကားခေါင်း အတွင်း ညှပ်ပြီး ဒဏ်ရာများနဲ့ သေ ဆုံး နေတာကို တွေ့ ခဲ့ရကြောင်း သိရပါတယ်။

THIT HTOO LWIN

မှတ်ချက်များ