Firefox browser ရဲ့ မူလရွေးချယ်ခွင့် ကို Google အစား Yahoo ကို ပြောင်းလဲအသုံးပြု


Mozilla ကုမ္မဏီဟာ Google နဲ့ ဆယ်စုနှစ် တစ်ခုတိုင် လက်တွဲခဲ့တဲ့ Firefox၀က်ဘ် ရှာဖွေမှု တွေ အတွက် မူလရွေးချယ်ခွင့် ပြုလုပ်ဖို့ အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာလ က စတင်ပြီး အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သုံးစွဲသူတွေဟာ Firefox browserကို အသုံး
ပြု ပါက Google အစား Yahoo ကို မူလရွေးချယ်ခွင့်(Default Option) အဖြစ် အသုံးပြုရတော့မှာ ဖြစ်ပါ တယ်။

ရုရှးနိုင်ငံမှာလည်း Firefox ဟာ ပြည်တွင်း Search Engine ဖြစ်တဲ့ Yandex ၊ တရုတ်နိုင်ငံမှာလည်း ပြည် တွင်း Search Engine ဖြစ်တဲ့ Baidu တို့ကို မူလရွေးချယ်ခွင့် တွေ အဖြစ်သတ်မှတ် တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန် နိုင်ငံ ကတော့ အချိန်တစ်ခုထိ ပြောင်းလဲမှု မရှိနိုင်သေးကြောင်းကို Mozilla ကုမ္မဏီက ဆိုပါတယ်။

ကယ်လီဖိုးနီးယား အခြေစိုက် Mozilla ကုမ္မဏီဟာ Firefox browser ကို ၂၀၀၂ ခုနှစ်မှာ စတင် ပြုလုပ်ခဲ့ ပြီး ၂၀၁၄ ခုနှစ်မှာ Google နဲ့ ဆယ်နှစ် သက်တမ်း သဘောတူညီ လက်တွဲခဲ့ကြပါတယ်။ အခု Yahoo နဲ့ ပြောင်းလဲ လက်တွဲခြင်းဟာလည်း သဘောတူညီမှု သက်တမ်း ကုန်ဆုံးတဲ့ အတွက် အခြား ရွေးချယ်ခွင့် တစ်ခုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Mozilla ရဲ့ Firefox Browser ဟာ Google ရဲ့ Chrome နဲ့ Microsoft ရဲ့ Internet Explorer တို့ပြီးလျှင် တတိယ မြောက်လူသုံးအများဆုံး Browser တစ်ခုဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ