ကြီးမားတဲ့ အောင်မြင်မှုတစ်ခု အမေရိကကို ရောက်လာပါပြီ။ Oxford Fitness အားကစားဌာန ဟာ လူ ဆယ်ယောက် တစ်ပြိုင်နက်တည်းပြေးနိုင်တဲ့ ဧရာမ အပြေးလေ့ကျင့်စက် ကို တည်ဆောက်လိုက်ပါပြီ။
ဒါ့အပြင် ထို အပြေးလေ့ကျင့်စက်ပေါ်မှာ ၂ နာရီစာ အပြေးပြိုင်ပွဲတစ်ခု ပြုလုပ်ဖို့လည်း Oxford က စီစဉ်
နေပါပြီ။ နောက်ဆုံးမှ အပြေး လေ့ကျင့်စက်ပေါ်က ပြုတ်ကျသူက အနိုင်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုအပြေးလေ့ကျင့်စက်ကို ကိုယ်ကာယ လေ့ကျင့်ကိရိယာတွေရောင်းချတဲ့ Chilean Company က ဒီဇိုင်း
ပြုလုပ်ထားပြီး ၅ မီတာ အမြင့် ရှိပါတယ်။ ၃ မီတာ ကျယ်ဝန်းပြီး ၆ မီတာ ရှည်ပါတယ်။ အရှိန်ကိုလည်း တစ်နာရီ တစ်မိုင်ဝက် ကနေ တစ်နာရီ ၁၀ မိုင်နှုန်း အထိ မြှင့်တင်နိုင်တယ်လို့ သိရပါတယ်။
Trend Myanmar

မှတ်ချက်များ