၅၆ပါတီ သဘောတူတဲ့ နိုင်ငံရေးမူဘောင် အချောသတ်ညှိနှိုင်းနေပြီ

နိုင်ငံရေး ၅၆ပါတီကိုယ်စားပြု ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးမူဘောင် ရေးဆွဲရေးကော်မတီ PPIC က နိုဝင်ဘာ ၂၅ရက်မှာ ၂ရက်ကြာမယ့် နိုင်ငံရေးမူဘောင်ကို အပြီးသတ်ရေးဆွဲနေပါပြီ။ ရေးဆွဲပြီး နိုင်ငံ
ရေးမူဘောင် ကို ပါတီ ၅၆ခုလုံးနဲ့ အချောသတ်ညှိနှိုင်းမှုမှာ ဘယ်လိုရလဒ်တွေ ထွက်လာနိုင်မလဲ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ထိုးပြီးရင် ပေါ်ပေါက်လာမယ့်
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်နှစ်အုပ်စု ဆွေးနွေးကြမလဲဆိုတာ ပါတီ ၅၆ခုစလုံးက ပြန်လည်ညှိနှိုင်းနေ
ကြတာဖြစ်ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ တိုင်းရင်းသားအရေးနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဆက်ပြီးညှိနှိုင်းနေ ဆဲဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

လုပ်ငန်းကော်မတီ ၁၅ဦးနဲ့ ဖွဲ့စည်းထားတဲ့ PPIC ဟာ ပန်ဒါဟိုတယ်မှာ ဆွေးနွေးနေကြတာဖြစ်ပြီး ဆွေးနွေး ပွဲအပြီး နိုင်ငံရေးမူဘောင် ထွက်လာမယ်လို့ ဆိုပါတယ်။ ပါတီတွေအကြား ငြင်းခုံမှုတွေကို PPIC အဖွဲ့ဝင် ၁၅ယောက်က ပြန်လည်ဖြေရှင်းညှိနှိုင်းကြဖို့ရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၆ရက်နေ့မှာ အပြီးသတ်ကြေညာဖို့ရှိတဲ့ နိုင်ငံရေးမူဘောင်ဟာ ပါတီ ၆၈ပါတီကို ဖတ်ကြားထား ပြီး အားလုံးရေးဆွဲထားတဲ့ မူဘောင် ဖြစ်ချင်တယ်လို့ ပြောလာသူက ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပါတီက ဦးမျိုး ညွန့်ပါ။

အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင် နယ်မြေသတ်မှတ်ပိုင်းခြားမှုမှာ ကျူးကျော်တာ၊ စွက်ဖက်တာတွေ ရှိနေရင် အောက်ခြေတပ်တွေကြား အပစ်အခတ်တွေရှိမှာပဲလို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။ ဒီလိုပစ်ခတ် မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အနှောင့်အယှက်မဖြစ်ဖို့လိုသလို KIA ဗိုလ်သင်တန်းကျောင်းကို
မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ပစ်တဲ့ကိစ္စ သူ့အနေနဲ့ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

တပ်မတော်ဟာ ပြည်ပရန်ကာကွယ်တာကလွဲပြီး ပြည်တွင်းမှာဖြစ်တာမျိုးတွေ တော်လောက်ပြီလို့ သူက မှတ်ချက်ပေးပါတယ်။

kamayutmedia

မှတ်ချက်များ