''ရွှေမန်းသူ'' ၀င်တိုက်၍ လှမ်းလျှောက်နေသူ ၁ ဦး သေဆုံး
၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ဝဝ၃ဝ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၅/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေ ပင်လေးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်
နေ မြင့်သိန်း(၄၇)နှစ်မောင်းနှင်လာသော 9E/**** ''ရွှေမန်းသူ''ခရီးသည်တင်မှန်လုံယာဉ်မှာ အရှိန်မထိန်း နိုင်ဘဲ လမ်းယာဘက်ဘေး ကွန်ကရစ်လမ်းအစပ်၌ လမ်းလျှောက်နေသည့် ရမည်းသင်းမြို့နယ်၊ ရှမ်းဘုရား ရွာနေ ဇော်မြင့်(၂၃)နှစ်အား နောက်မှ ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ဇော်မြင့်မှာ လမ်းဘေးမြေသားလမ်းပေါ်သို့ လဲကျကာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ နားသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ယာ ဘက်ရှေ့မီးကွဲ၊ ရှေ့ဘန်ဘာကျိုး၍ တန်ဘိုးငွေကျပ်သိန်း(၂ဝ)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မြင့်သိန်း အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၆/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်များ