ဘင်္ဂလားဒေ့ရှ်စစ်သွေးကြွအမျိုးသမီးခေါင်းဆောင်ကို ဖမ်းမိ


မတရားအသင်း Jamaat-ul-Mujahideen ရဲ့ အမျိုးသမီးလုပ်ငန်းအဖွဲ့ တာဝန်ခံကို ဖမ်းမိပြီလို့ ဘင်္ဂလားဒေ့ ရှ် အာဏာပိုင်တို့က တနင်္လာနေ့မှာ ကြေညာပါတယ်။

ဒီအမျိုးသမီး နာမည်ကတော့ Fatema ဖြစ်ပါတယ်။

ဒါကာမြို့တော် တနေရာမှာ သူနဲ့ တခြား အမျိုးသား ၃ ဦးကို ဖမ်းမိတယ်၊ သူတို့ရှိတဲ့နေရာကို ၀င်ရောက်စီး နင်း ရာမှာ ဖောက်ခွဲရေးပစ္စည်း တပုံတပင် တွေ့ရတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ အရာရှိ Monirul Islam က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တခြား သံသယ ဖြစ်ဖွယ် ၅ ဦးကိုလည်း ထိန်းသိမ်းထားတယ်လို့ ဆိုတယ်။

ဒီဖမ်းဆီးမှုတွေဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ဘယ်သူတွေက ဘယ်လို ကြံစည်နေတယ် ဆို တဲ့ အိန္ဒိယလုံခြုံရေးအာဏာပိုင်တို့ဆီက သတင်းပေးမှုနောက်ပိုင်း ဖြစ်ပေါ်လာတာပါ။အဲဒီစာရင်းမှာ ဘင်္ဂ လားဒေ့ရှ်မှာ ပုန်းနေတဲ့ သံသယဖြစ်ဖွယ် ၁၁ ဦးရဲ့ အမည်စာရင်း ပါပါတယ်။

အဖမ်းခံလိုက်ရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းသည်ဖြစ်သူ Sajid ကိုတော့ အိန္ဒိယမှာ ဖမ်းဆီးထားပါတယ်။ West Bengal ဒေသ ပေါက်ကွဲမှုနဲ့ ဆက်နွယ်တယ်ဆိုပြီး ဖမ်းထားခြင်းပါ။

သူတို့ အဖွဲ့က ဝန်ကြီးချုပ်ကိုသာမက အတိုက်အခံခေါင်းဆောင်ကိုလည်း ပစ်မှတ်ထား လုပ်ကြံဖို့ အစီအ စဉ်ရှိတယ်လို့ အိန္ဒိယလုံခြုံရေးအာဏာပိုင်တို့က ဆိုတယ်။ ဒီအမျိုးသမီး ၂ ယောက်စလုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလောကကို စိုးမိုးနေကြတာ ဆယ်နှစ် မကတော့ပါဘူး။

သူတို့ကို ပစ်မှတ်ထားတဲ့ Jamaat-ul-Mujahideen အဖွဲ့က မြို့တော်ဒါကာ အပါအ၀င် နိုင်ငံအနှံ့မှာ ဖောက် ခွဲရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။

တရားရုံးတွေမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့်လည်း ၂၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ ရာနဲ့ချီခဲ့ပါပြီ။

သူတို့အဖွဲ့ဝင်တွေကို တရားရုံးပို့ရာမှာ ပါဝင်တဲ့ လုံခြုံရေးယာဉ်တစီးကို သေနတ် ဗုံးတို့နဲ့ တိုက်ခိုက်မှုလည်း ဒီနှစ်ထဲမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ဇာနည်ဝင်း | ဧရာဝတီ




မှတ်ချက်များ