ကလေးစစ်သား ၈၀ ဦးအား နုတ်ထွက်ခွင့်ပြု

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော အ ရွယ်မရောက်သေးသည့် ကလေး စစ်သား ၈၀ဦး အား နုတ်ထွက်ခွင့် ပြုပြီး မိဘအုပ်ထိန်းသူများထံပြန် လည်အပ်နှံသော အခမ်းအနားကို အမှတ်(၁) စစ်
ကြောရေးစခန်းတွင် ပြုလုပ်ခဲ့သည်။

တပ်မတော်တွင် ကလေးစစ် သားခေါ်ယူစုဆောင်းအသုံးပြုမှု အဆုံးသတ်ရန် ၂၀၁၂ခုနှစ်၊ ဇွန် လတွင်
မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့ လုပ်ငန်းစီမံချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရှစ်ကြိမ်မြောက်အဖြစ်
နိုဝင်ဘာ ၂၄ ရက်တွင် ကလေးစစ်သား ၈၀ အား လွှတ်ပေးခြင်းဖြစ်သည်။

ကလေး စစ်သားများအား နုတ်ထွက်ခွင့်ပြုသော အခမ်းအ နားကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအ ဖွဲ့နှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊အ စိုးရအရာရှိများနှင့် မိဘအုပ်ထိန်း သူများတက်ရောက်ခဲ့ကြသည်။

မြန်မာ့တပ်မတော်ရှိကလေး စစ်သားများနှင့်ပတ်သက်၍ တပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် က ဗီအိုအေနှင့်တွေ့ဆုံမေးမြန်း သော အင်တာဗျူးတွင်‘‘ဒီလိုပဲ ခုန ကငယ်ရွယ်တဲ့ စစ်သားလေးကိစ္စ ပေါ့။ ဒီလိုပဲဖြစ်လေ့ဖြစ်ထရှိခဲ့တာ ပါ။ ကျွန်တော်တို့လည်း ဒါနဲ့ပတ် သက်ပြီး ကျွန်တော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အ ချိန်မှာ တော်တော်ထိထိရောက် ရောက်ကို ဖော်ထုတ်ပြီး အရေးယူ ပါတယ်။

အရေးယူတာခံရတဲ့ အ ရာရှိစစ်မှုထမ်းများစွာရှိပါတယ်။ ပြန်လွှဲပေးတဲ့ Case တွေထဲကဆိုရင် ကျွန်တော် ထင်တယ်။ ဒီဘက် ပိုင်းမှာ လူလေးရာကျော်လောက် ရှိပါတယ်။ ၂၀၀၂ခုနှစ်ကစပြီး Countလုပ်မယ်ဆိုရင် တစ်ထောင်အစွန်းထွက်လောက် ကျွန် တော်တို့ ပြန်ပြီးပေးခဲ့ပြီးဖြစ်ပါ တယ်။ အခုလည်း တော်တော်ကို စစ်ထုတ်ပြီးတော့ကို လုပ်နေပါ တယ်။

ဒါလည်းရှင်းရှင်းပြောရရင် ဗျာ တပ်တော်သိက္ခာကျတဲ့ကိစ္စ ပေါ့။ ကျွန်တော်တော်တော်လေး ဒါနဲ့ပတ်သက် ပြီး စောင့်ထိန်းပါ တယ်။ ခံလည်း ခံပြင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါလေး က ၁ရာခိုင်နှုန်းတောင်မ ရှိဘူး။ ၁ရာခိုင်နှုန်းတောင်မရှိတဲ့ကိစ္စကို ကျွန်တော့်မှာ ဒါနဲ့ခေါင်းခြောက် နေလို့လည်းအလုပ်မဖြစ်ပါဘူး’’ ဟုဖြေကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ကုလသမဂ္ဂနှင့် သဘောတူညီ ချက်အရ ကလေးစစ်သားများစ တင်လွှတ်ပေး ခဲ့ရာ လက်ရှိအချိန် ထိ တပ်မတော်တွင် တာဝန်ထမ်း ဆောင်နေသော ကလေးစစ်သား ဦးရေ ၅၅၃ဦး လွှတ်ပေးခဲ့ပြီးဖြစ် သည်။

နေလင်းထွန်း | 7day


မှတ်ချက်များ