ဝန်ဆောင်မှု အားမရသေးဟုတယ်လီနောပြော
တယ်လီနောမြန်က ရန်ကုန်မြို့တွင် လက်ရှိပေးလျက် ရှိသည့် ၎င်းတို့၏ ဆက်သွယ်ရေး ၀န်ဆောင်မှုနှင့် ပတ်သက်၍ ကျေ နပ်အားရမှုမရှိသေးကြောင်း အဆိုပါကုမ္ပဏီ၏ စီအီးအိုMr. Petter Furberg က အတည်ပြုပြောသည်။
တယ်လီနောမြန်မာ၏ စီအီး အို Mr. Petter Furberg အနေဖြင့်နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ စိမ်းလန်း စိုပြည်၌ ပြုလုပ်သည့်Net Monday အစီအစဉ်တွင် ရန်ကုန်မြို့၏ ၎င်းတို့ဆက်သွယ်ရေးကွန်ရက် အခြေ အနေနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘လက်ရှိ ရန်ကုန်မှာပေးနေ တဲ့ တယ်လီနောရဲ့ လက်ရှိဝန် ဆောင်မှုကို ကျေနပ်အားရမှုမရှိ သေးပါဘူး။ အဲဒါရဲ့ အကြောင်း ရင်းက ဘာလဲဆိုတော့ တာဝါတိုင်မလုံလောက်လို့ပါပဲ’’ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် အော်ပရေ တာတစ်ခုအနေဖြင့် ဆက်သွယ် ရေးကွန်ရက်ဖြန့်ကြက်ရာ၌ အ ရည်အသွေး
ပြည့်ဝစေရန် တာဝါ တိုင် ၈၀၀ ခန့်လိုအပ်သော်လည်း တယ်လီနောအနေဖြင့် လက်ရှိ တာဝါတိုင် ၄၀၀ ၀န်းကျင်သာ ပြီးစီးထားသည်။ တယ်လီနောမြန် မာက ညနေအချိန်များ၌ အင်တာနက်လိုင်းနှေးကွေးမှု
ကြောင့်လက်ရှိတွင် သုံးစွဲသူများက အများဆုံးဝေဖန်မှုများရှိနေကြောင်း ၎င်းက ပြောသည်။
‘‘ရန်ကုန်မြို့မှာ တာဝါတိုင် ၈၀၀ လိုအပ်တယ်။ ဒါပေမဲ့ လက် ရှိမှာ တာဝါတိုင်က ၄၀၀ ၀န်းကျင်ပဲ ရှိပါသေး တယ်။ တာဝါတိုင် ၄၀၀ နဲ့ ညီမျှတဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ ဆင်းမ်ကတ်ရောင်းချမှုကို ထိန်း ညှိလုပ်ဆောင် ရတဲ့ အပိုင်းတွေရှိ ပါတယ်။ လစဉ်လည်း တာဝါတိုင် အရေအတွက် ၅၀ ကနေ ၁၀၀ အ ကြားတည်
ဆောက်နေပါတယ်။ တာဝါတိုင်အရေအတွက်တိုးလာ တာနဲ့အမျှ လိုင်းမကောင်းတဲ့ ပြဿနာကလည်း လျော့ကျပျောက် ဆုံးသွားပါလိမ့်မယ်’’ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်မှစတင်၍ ရန်ကုန်မြို့တွင်တယ်လီနောမြန်မာက ဆက်သွယ် ရေးဝန်
ဆောင်မှုစတင်ခဲ့ပြီး လက်ရှိ၌ 2G စနစ်ကို အဓိကထားလုပ်ဆောင်နေသော်လည်း လာမည့်နှစ်အနည်း ငယ်အတွင်း 3G စနစ်စတင်မည်ဖြစ်ကြောင်းသိရသည်။
7day

မှတ်ချက်များ