မုန့်ဟင်းခါးကို ညဥ့်နက်သန်းခေါင် စားချင်တယ်ဆိုရင်
မြန်မာ့ရိုးရာ အစားအစာတွေထဲမှာ လူအများစုအတွက်တော့ မုန့်ဟင်းခါးဟာ ဘယ်တော့မှ မရိုးနိုင်တဲ့ အစားအစာဖြစ်ပြီး အလှူပွဲလမ်းသဘင်တွေမှာလည်း အဓိကအစားအသောက်အဖြစ် ဧည့်ခံလေ့ရှိပါတယ်။ မုန့်ဟင်းခါးဆိုတာ မနက်စာ ပူပူနွေးနွေးအဖြစ် ရောင်းချတဲ့ဓလေ့ကနေ ညနေနဲ့ ညဥ့်နက်သန်းခေါင်ကျမှ မုန့်ဟင်းခါး ပူပူလေးစားချင်သူတွေအတွက် ဒေါ်ရင်ရွှေမုန့်ဟင်းခါးဆိုင်လေးကို လက်တို့လိုက်ချင်ပါတယ်။
မုန်ဟင်းခါး တစ်မျိုးတည်းကိုပဲ ဆယ်စုနှစ်နဲ့ချီပြီး သီးသန့်ရောင်းလာတဲ့ မရမ်းကုန်း ဦးရေခဲလမ်းထဲက ဒေါ် ရင်ရွှေမုန့်ဟင်းခါးဆိုင်ဟာ ဟင်္သာတဒေသခံတွေဖြစ်ပြီး မုန့်ဟင်းခါးနဲ့ပတ်သက်ရင် ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ်တတ်လို့ အခုလို နှစ်ရှည်လများ ရပ်တည်နိုင်ခဲ့တယ်လို့ ဒေါ်ရင်ရွှေက ပြောပါတယ်။ အဓိကကျတဲ့ ငါးနဲ့ ငံပြာရည်ကို ကောင်းကောင်းနဲ့များများသုံးပြီး မြေပဲနဲ့ပဲကိုလည်း လတ်လတ်ဆတ်ဆတ် သုံးတယ်လို့ ရှင်းပြပါတယ်။
ဦးရေခဲလမ်းထဲမှာ ဆိုင်ဖွင့်ထားတာကို အစွဲပြုပြီး ဦးရေခဲမုန့်ဟင်းခါးလို့လည်း လူသိများတဲ့ ဒီဆိုင်လေးဟာ ၁၉၉၇မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ညဖက်စားသုံးသူတွေ ပိုများတာကြောင့် ညနေ ၅နာရီကျော်ကနေ မနက် ၂နာ ရီအထိ ရောင်းချနေတာကြောင့် ပုံမှန်ဖောက်သည်တွေကတော့ အမြဲလိုလို သွားစားဖြစ်တဲ့ နေရာလေးတစ် ခုပါ။
တစ်ရက်ကို မုန့် ၅ပိဿာလောက် ရောင်းပားကနေ အခုတော့ တစ်ညကို မုန့်အချိန်တစ်ရာအထိ ရောင်း အားတက်လာခဲ့ပေမယ့် မိသားစု တစ်နိုင်တစ်ပိုင်ပဲ ရပ်တည်ချင်တာကြောင့် မနိုင်ဝန်မထမ်းတော့ဘဲ တစ် ညကို ပိဿာ ၆ဝပဲ ရောင်းတော့တယ်လို့ ဆိုပါတယ်။
ငယ်ငယ်ကတည်းက ဒေါ်ရင်ရွှေ မုန့်ဟင်းခါးကို ပုံမှန်စားနေကျ အဆိုတော် ရတနာဦးက သူကြိုက်တဲ့ ငါးများများနဲ့ အရသာရှိရှိချက်ထားသလို အကြော်မျိုးစုံလည်းရှိတဲ့အပြင် ရွှေကြည်။ကောက်ညှင်းထုပ် ရတာကြောင့် ညဖက်ဗိုက်ဆာတိုင်း အားကိုးရတဲ့ဆိုင်လေးပါလို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ