အကြင်နာမဲ့တဲ့ မိခင် (မိခင်ရင်းဖြစ်သူက ဒုတ္ခိတသားငယ်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ )


စကားမပြောနိုင်တဲ့ ဆွံ့အ ဒုက္ခိတသားငယ်ကို ရက်စက်စွာသတ်ဖြတ် ခဲ့သူ မိခင်အား တရားရုံးမှ ထိုက်သင့်
သော ပြစ်ဒဏ်ချမှတ်လိုက်မှုတစ်ရပ် အမေ ရိကန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ပါတယ်။သတ်ဖြတ်သူမှာအသက်၅၃
နှစ်အရွယ် ဂျီဂျီဂျော်ဒန်ဆိုသူဖြစ်ပြီး သား ကောင်ဖြစ်ခဲ့သူမှာ အသက်ရှစ်နှစ်အရွယ် ဂျုဒ်ဖြစ်ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာ ကတော့ မန်ဟက်တန်၊ ဘော့ဒနော့စ် အရပ်ရှိတဲ့ ပင်နီဆူလာလို့အမည်ရတဲ့ ဟို တယ်တစ်ခုရဲ့ အခန်းတစ်ခန်းမှာဖြစ်ပြီး ဂျုဒ်ကို သူ့မိခင်က သေစေနိုင်လောက်တဲ့ ဆေးပြားတွေချေမွထည့် ထားတဲ့ ကောက် တေးအနက်နဲ့ လိမ္မော်ရည် ရောစပ်ထားတဲ့ ဗော့ဒ်ကာအရက်တွေကို အတင်းအဓမ္မ တိုက်ကျွေးခဲ့တာဖြစ်ပါတယ်။

တိုက်ကျွေးပုံကတော့ အိပ်ရာ ပေါ်မှာလှဲပြီး အတင်းအဓမ္မပါးစပ်ဖြဲလောင်း ချခဲ့တာဖြစ်ပါတယ်။ ဂျုဒ်ဟာ ချက်ချင်း တော့ သေဆုံးခြင်းမရှိဘဲ နောက်မှ တဖြည်း ဖြည်းချင်း အဆိပ်သင့်ဝေဒနာနဲ့ သေဆုံး သွားခဲ့ရ တာဖြစ်ပါတယ်။

ဂျုဒ်ကို သတ်ဖြတ်ခဲ့ရခြင်းအ ကြောင်းရင်းကတော့ သူအမွေရထားတဲ့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၂၅ဝဝဝကို လွှဲပြောင်းရယူချင်လို့ပဲဖြစ်ပါတယ်။ ဂျုဒ် ရဲ့နာမည်အပြည့်အစုံက ဂျုဒ်မိုက်ကယ် မိုင်ရာဖြစ်ပြီး သေဆုံးစဉ်က အသက်ရှစ် နှစ် ခြောက်လနဲ့ ၂၃ရက် ရှိခဲ့ပါတယ်။

ဂျုဒ်ဟာ အဝါရောင်ဆံတို ပါး ဖောင်းဖောင်းလေးနဲ့ ချစ်စဖွယ်ကလေးငယ် တစ်ဦးဖြစ်ပါတယ်။ အခင်းဖြစ်ပွား
ခဲ့တဲ့ဟို တယ်အခန်းနံပါတ်က ၁၆ဝ၃ဖြစ်ပြီး တစ်ညအိပ်တည်းခိုခ ဒေါ်လာ ၂၃ဝဝပေးရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေ့ကတော့ ၂ဝ၁ဝပြည့်နှစ် ဖေဖော်ဝါရီ ၃ရက်ကဖြစ်ပြီး လေးနှစ်အကြာ ယခင်နိုဝင်ဘာ ၅ရက်မှာ မန်ဟက်တန် တရားစီရင်ရေးဂျူရီအဖွဲ့က ဂျော်ဒန်ကို လူသတ်မှုနဲ့ စီရင်ချက်ချမှတ် လိုက်တာ ဖြစ် ပါတယ်။ အော့နှလုံးနာဖွယ် ရာ ရက်စက်လွန်းတဲ့ မိခင်ရင်းဂျော်ဒန်ကို တရားရုံးက ထောင်ဒဏ်၂၅နှစ် ပြစ် ဒဏ်ချမှတ်ခဲ့ပါတယ်။

ဂျော်ဒန်ဟာ အရင်တုန်းက ခင် ပွန်းဟောင်း နှစ်ဦးရှိခဲ့ဖူးပါတယ်။ သူက ဂျုဒ်ကိုသတ်ဖြတ်ရခြင်းက ဒီခင် ပွန်းဟောင်း နှစ်ယောက်ကြောင့်ဖြစ်တယ်လို့ဆင်ခြေ ပေးခဲ့ပါတယ်။

ဟိုတယ်လုံခြုံရေး အကြီးအကဲဖြစ်တဲ့ ခရစ္စအမ်ဂူ ရင်နဲ့ ရဲအဖွဲ့ဝင်တွေက ဒီသား အမိကို မသင်္ကာလို့ ဝင်ရောက် စစ်ဆေးခဲ့ရာမှ လူသတ်မှု ပေါ် ပေါက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ မစ္စတာအမ်ဂူရင်က သူ ဟိုတယ် ခန်းထဲကို ဝင်ရောက်သွားခဲ့တဲ့ အခါမှာ အခန်းဘယ်ဘက်ခြမ်းခုတင်ပေါ် မှာ ယောက်ျားငယ်လေးတစ်ဦး ကိုတွေ့ရ ပြီး မစ္စဂျော်ဒန်ကတော့ ခုတင်ဘယ်ဘက် ခြမ်းကိုမှီပြီးကြမ်းပြင်ပေါ်မှာထိုင်နေတာတွေ့ရကြောင်း နဲ့ တုန်လှုပ်ချောက်ချား စက် ဆုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Yangon Media Group

မှတ်ချက်များ