ဩစတြေးလျတွင် မွေးကင်းစ ကလေးငယ်ကို ရေမြောင်းထဲ ပစ်ထားသည့် မိခင်ကို တရားစွဲဆို

ဩစတြေးလျ နိုင်ငံရှိ လမ်းဘေး ရေဆင်းမြောင်း တစ်ခုအတွင်း ၅ ရက်မျှ အသက်ရှင်နေခဲ့သည့် မွေးကင်းစ ကလေးငယ်ကို ကယ်ဆယ်နိုင်ခဲ့သည့်နောက် ကလေး၏ မိခင်ကို လူသတ်ရန် အားထုတ်မှုဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက်တွင် အမျိုးသမီး တစ်ဦးအား ရင်သွေးဖြစ်သူကို သေစေနိုင်လောက်အောင် တာဝန်မဲ့စွာ စွန့်ပစ်ထားမှုအတွက် စွဲချက်တင်ခဲ့ကြောင်း တရားရေး တာဝန်ရှိသူများက ဆိုသည်။ စက်ဘီးစီးသွားသူ တစ်ဦးက ကလေးငိုသံ ကြားသဖြင့် စူးစမ်းကြည့်ရာ အနက်(၂.၅)မီတာရှိသော မြောင်းထဲမှ မွေးကင်းစ ကလေးငယ်ကို တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့သည်။ ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး သနားစရာ ကလေး ငယ်သည် အဆိုပါ နေရာတွင် (၅)ရက်ကြာမျှ အသက်ရှင်နေခဲ့သည်ဟု ရဲများက ယူဆထားသည်။

ဆစ်ဒနီမြို့ အနောက်ဘက် အဝေးပြေးလမ်းမ တစ်ခုအနီးတွင် နိုဝင်ဘာ (၂၃)ရက်က ကလေးငယ်ကို ရှာဖွေတွေ့ရှိပြီးနောက် ရဲများက ဆေးရုံမှတ်တမ်းများကို ပြန်လည် စိစစ်ကာ ကလေးမီးဖွားထားသူ အမျိုး သမီးများကို စ်ေအိမ်တက်ဆင်း လိုက်လံရှာဖွေ မေးမြန်းခဲ့သည်။ ရဲများက ကလေးငယ်သည် ညစ်ပတ်ပေ ကျံနေသည့် အဆိုပါ ရေမြောင်းအတွင်း ရက်ပေါင်း အတန်ကြာ ကတည်းက ရောက်ရှိနေခြင်းဟု လည်းaဖာ် ထုတ်တွေ့ရှိလာခဲ့သည်။

ကလေး၏ မိခင်ဖြစ်သူသည် ကျဉ်းမြောင်းသော အပေါက်ငယ် တစ်ခုထဲ ထိုးသွင်းကာ ကလေးကိုရေမြောင်း ထဲ ကျသွားအောင် ပြုလုပ်ခဲ့ခြင်းဟု ကနဦး စစ်ဆေးမှုများအရ သိရှိလာရသည်။ “အခုတော့ အမျိုးသမီး တစ်ဦးကို စွဲချက်တင်ထားပါတယ်။ မွေးကင်းစ ကလေးငယ်ကို သတ်ဖြတ်ဖို့ အားထုတ်မှုနဲ့ပါ”ဟု ဆစ်ဒနီ ရဲတပ်ဖွဲ့က ကြေညာသည်။

အမျိုးသမီးသည် နိုဝင်ဘာ (၁၈)ရက် ကတည်းက ကလေးငယ်ကို စွန့်ပစ်ခဲ့ခြင်းဟု ရဲများက ယုံကြည်နေ
ကြောင်း လည်း သိရသည်။ ကလေးငယ်၏ ကျန်းမာရေးမှာ စိုးရိမ်ရဆဲ ဖြစ်သည့်တိုင် အခြေအနေ တည်  ငြိမ်နေပြီ ဖြစ်သည်။ “ရေမြောင်းထဲမှာ ကလေးလေး တစ်ယောက်ကို ရှာတွေ့တယ် ဆိုတာက ရင်ထဲ ဆို့သွားတဲ့ ကိစ္စပဲ။ ကလေးနဲ့ ပတ်သက်ပြီး အဆိုးဆုံးကိုတောင် တွေးထားမိတယ်။ ဒါပေမဲ့ သူက အသက် ရှင်နေခဲ့ပါတယ်”ဟု ကွေကာစ်ဟေးလ် ရဲတပ်ဖွဲ့မှာ စုံထောက်အရာရှိ ဒေးဗစ် လာဂတ်စ်က ပြောကြားခဲ့ သည်။

ဆစ်ဒနီ အနောက်ပိုင်းတွင် နိုဝင်ဘာ (၂၃)ရက်က အပူချိန် (၄၀)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်ခဲ့သဖြင့် ကလေးငယ် အနေဖြင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည် မရှိမည်ကို ရဲများက စိုးရိမ်ခဲ့ကြသည်။ “ကလေးက အရမ်းအားနည်းနေတယ်။ ရေဓာတ်ခန်းခြောက်နေတယ်။ သူ့ကျန်းမာရေးအတွက် အားလုံးက စိုးရိမ်တ ကြီး စောင့်ကြည့်နေခဲ့တယ်လေ”ဟုလည်း လာဂတ်စ်က ဆိုသည်။

ကလေးငယ်ကို ယခုအခါ နယူးဆောက်သ်ဝေးလ်စ် မိသားစုနှင့် လူ့အဖွဲ့အစည်း ဌာနက တာဝန်ယူ စောင့်
ရှောက်ထားကြောင်း သိရသည်။

7day

မှတ်ချက်များ