မြောက်ကိုရီးယားကို ခုံရုံးတင်ရင် တုန့်ပြန်မှုလုပ်မယ်လို့ဆို

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un စစ်စခန်းတစ်ခုကို စစ်ဆေးစဉ် (Credit: AFP)
မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင်ကို ​နိုင်ငံတကာ ​ခုံရုံးတင်ဖို့ ​ကုလသမဂ္ဂ ​လုံခြုံရေးကောင်စီကို ​တောင်း ဆိုထားတာနဲ့ ​ပတ်သက်ပြီး ​ပြင်းထန်တဲ့ ​တုန့်ပြန်မှုတွေ ​ခံရနိုင်တယ်လို့ ​မြောက်ကိုရီးယား ​စစ်တပ်က ​သတိပေးလိုက်ပါတယ်။

အရင်တစ်ပါတ်က ​ပြုလုပ်ခဲ့တဲ့ ​လူ့အခွင့်အရေး ​ကော်မတီ ​အစည်းအဝေး ​အတွင်း ​မြောက်ကိုရီးယား ​အစိုးရ ရဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေဟာ ​လူသားများအပေါ်ကျူးလွန်တဲ့ ​ပြစ်မှု ​ကျရောက် ​နိုင်တဲ့အတွက်
နိုင်ငံတကာခုံရုံးမှာ ​ခေါ်ယူစစ်ဆေးဖို့ ​ကုလသမဂ္ဂကို ​တိုက်တွန်းကြတာ ​ဖြစ်ပါတယ်။

အဲဒီအဆိုကို ​ဂျပန်နဲ့ ​ဥရောပ ​သမဂ္ဂတို့က ​တင်သွင်းပြီး ​နိုင်ငံပေါင်း ​၆၀ ​ကလည်း ​သဘောတူကြတာ​ဖြစ်ပါ တယ်။

ဒီလိုတိုက်တွန်းချက်ကို ​မြောက်ကိုရီးယားက ​ရှုံ့ချလိုက်ပြီး ​ဒီလို ​ဆက်လက်ပြောဆိုမယ်ဆိုရင် ​နောက် ထပ် ​နျူကလီးယား ​စမ်းသပ်မှုတွေ ​ပြုလုပ်သွားမယ်လို့ ​ခြိမ်းခြောက်လိုက်ပါတယ်။

ဒီလို ​ပြောဆိုမှုတွေဟာ ​မြောက်ကိုရီးယားနိုင်ငံအပေါ် ​စစ်ရေးကြေငြာလိုက်တာနဲ့ ​အတူတူပဲလို့ ​ပြောပါ တယ်။

တဆက်တည်းမှာပဲ ​မြောက်ကိုရီးယားကသာ ​တိုက်ခိုက်လာမယ်ဆိုရင် ​တောင်ကိုးရီးယား ​သမ္မတအသက် ကိုပါ ​ထိခိုက်နိုင်ပြီး ​ဂျပန်နိုင်ငံကိုလည်းး ​မြေပုံကနေ ​ဖယ်ထုတ်ပစ်နိုင်တယ်လို့ ​ခြိမ်းခြောက်လိုက်ပါတယ်။

ABC Radio Australia

မှတ်ချက်များ