အာဖဂန်မြို့တော် ကာဘူးလ်သို့ အရှိန်ဖြင့်မောင်းနှင်လျက်ရှိသော တက္ကစီကား၏ နောက်ခန်း၌ တုံဏှိ ဘာဝေ တိတ်ဆိတ်နေသော သုံးနှစ်အရွယ်ကလေးငယ် နီလိုဖာသည် သူမအဖွားဖြစ်သူ၏ ရင်ခွင်၌ လဲလျောင်းလိုက်ပါလျက် ရှိသည်။
ပလတ်စတစ်ပိုက်တစ်ချောင်းက သူမ၏ ခန္ဓာကိုယ်မှ ထိုးထိုးထောင်ထောင် ငေါထွက်လျက်ရှိသည်။
လက်တစ်ဖက်မှာမူ သွေးတစ်စက်စက်ကျနေမှုကို ရပ်တန့်စေရန်အတွက် တိုင်းပြည်မြောက်ပိုင်းရှိ ဒေသ ခံဆေးရုံ မှ ပတ်တီးတစ်ခု စည်းပေးထားသည်။
နီလိုဖာသည် မုဒိမ်းအကျင့်ခံရပြီးနောက် အသည်းအသန်အခြေအနေသို့ ရောက်ရှိနေကာ မြို့တော်ကာ ဘူးလ်၌သာ ရရှိနိုင်သော အထူးကုသမားတော်တစ်ယောက်၏ ဆေးကုသမှုကို အရေးပေါ်လိုအပ်နေသည်။
ကားမှာ လေထန်သော၊ အကွေ့အကောက်များသော တောင်တန်းဒေသလမ်းမှသည် ရှိုမာလီလွင်ပြင် ဆာလန်တူးမြောင်းပေါ်သို့ တက်ရောက်မောင်းနှင်နေပြီး ၆ နာရီကြာမောင်းရသည့် မြို့တော်ကာဘူးလ်သို့ ခရီးသွားလမ်းကြောင်း၏ ရောက်လုနီးအနေအထားသို့ ရောက်နေပေပြီ။
ပြီးခဲ့သည့် ရက်အနည်းငယ်က သူမသည် သူငယ်ချင်းများနှင့်အတူ အိမ်အပြင်ဖက်၌ ကစားလျက်ရှိသည်။ ထိုစဉ် သူမအား လူတစ်ဦးမှ ယာဉ်တစ်စီးပေါ်တင်ကာ အနီးနားရှိ ပန်းခြံတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
မိဘဆွေမျိုးများ နှင့် ဆေးဘက်ဝန်ထမ်းများ၏ အဆိုအရ ထိုသူသည် သူမ၏ ပါးစပ်အား အဝတ်ဖြင့်စီးကာ မုဒိမ်းကျင့်ခဲ့ပြီး ထို့နောက် သူမအား သတ်ပစ်ရန် ကြိုးစားခဲ့ပုံရှိသည်။
အကြမ်းဖက်မှုအတွင်း ဆိုးရွားစွာ ဒဏ်ရာရပြီး သူမကို ဆေးရုံ၌ ကုသပေးနေရသည်။“ဒီလူက အမှုပေါ် မှာကြောက်ပြီး ကလေးငယ်ကို အသက်ရှုမရအောင် လုပ်ပြီးသတ်ဖို့ကြိုးစားတယ်” ဟု တိုက်ခိုက်မှု၏ အကျိုးဆက်ကို ချက်ချင်းကုသပေးခဲ့ရသော ဆရာဝန်တစ်ဦးဖြစ်သော မိုနီဂျာက ပြောကြားသည်။
“နောက်ကျောဖက်မှာ တိုက်ခိုက်ခံရတဲ့ အမှတ်လက္ခဏာရပ်တွေ အများကြီး တွေ့ရတယ်”ဖခင်ဖြစ်သူ၏ ခရီးနီလိုဖာ၏ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူမှာ နှစ်ဦးလုံးထိုအချိန်၌ မရှိချေ။ကံကောင်းသည်က ပန်းခြံဘေး
ဖြတ်သွားသော ဖြတ်သွားဖြတ်လာတစ်ဦးမှ ဆူဆူညံညံ့အသံများကို ကြားလိုက်ရသည်ဟု မိသားစုက ပြော ကြားသည်။
၎င်းမှ နီလိုဖာ သွေးထွက်နေသည်ကို တွေ့ပြီး ရွာရှိဗလီသို့ ခေါ်ဆောင်သွားခဲ့သည်။ယင်းအမှုနှင့်ဆက်စပ် ၍ ရဲမှ အသက် ၁၈ နှစ်အရွယ် လူတစ်ဦးကို ဖမ်းဆီးထားသည်။ထိုသူမှာ မိန်းကလေး၏ အိမ်နီးချင်းဖြစ် ပြီး မိသားစုနှင့်လည်း သိကျွမ်းသူဖြစ်သည်။
ထိုအချိန်၌ နီလိုဖာ၏ဖခင်၊ အဗ္ဗဒူလ်မှာ အီရန်ဆိပ်ကမ်းမြို့ ဘန်ဒါ အဗ္ဗါတ်စ်၌ ကျင်းပသော မာရသွန်ပြိုင်ပွဲ ၈ ရက်မြောက်နေ့သို့ အလုပ်တစ်ခုရရန် မျှော်လင့်ချက်နှင့် ရောက်ရှိနေသည်။
၎င်းသွားရသောခရီး၏ အပိုင်းတော်တော်များများမှာ ခြေလျင်ဖြစ်သည်။အာဖဂန် လုပ်ဖော်ကိုင်ဖက် များက ၎င်းတို့ကြားရသော ရွာသတင်းကောလဟာလကို ၎င်းကို ပြောပြကြသည်။
ဤသို့ဖြင့် ၎င်း၏ အိမ်အပြန်ခရီးရှည်ကို စတင်ခဲ့သည်။မောမောပန်းပန်း၊ ထမင်းငတ်၊ ရေငတ်နှင့် ၎င်းမှာ ရက်များစွာပင် မစားမသောက် နေခဲ့ရသည်။ ၎င်း၏သမီးဘဝမှာ ပြီးဆုံးသွားပြီဟု ၎င်းမှ ပြောကြားခဲ့သည်။
ယခုကဲ့သို့ ယောကျာ်းဦးစားပေး ခွဲခြားဆက်ဆံတတ်သည့် လူမှုဝန်းကျင်၌ မုဒိမ်းအကျင့်ခံရသည့်သူများကို လူမှုဝန်းကျင်၌ လက်မခံသင့်သည်သူများ အဖြစ်ရှုမြင်ကြသည်။ ပြည့်တန်ဆာဟု ရှုမြင်ကြသည်အထိပင် ရှိသည်။
လက်ထပ်ဖို့ဆိုသည်မှာ ထိုမိန်းကလေးအဖို့ မဖြစ်တော့သလောက်ပင်ဖြစ်ပြီး ဤကိစ္စက မိသားစုတစ်ခုလုံး ကို အရှက်ရစေသည်။
ပြသနာကြီးသုံးနှစ်အရွယ် ကလေးငယ် နီလိုဖာအား မုဒိမ်းကျင့်မှုသည် ယခုလအတွင်း အာဖဂန်ကလေး များကို မုဒိမ်းကျင့်မှုများထဲမှ ထင်ထင်ရှားရှား ထွက်ပေါ်လာသော တစ်ခုသာဖြစ်သည်။ကလေးမုဒိမ်း မှုသည် အာဖဂန်နစ္စတန်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော ပြသနာဖြစ်သည်။
မျိုးမင်းသန့် | ရွှေမြန်မာမီဒီယာ

မှတ်ချက်များ