ဒုက္ခိတဘဝကို လက်မခံတဲ့ ကောင်းလေး
အဲသည်ရွာကျောင်းကလေးမှာ ဆောင်းတွင်းအနွေးပေးသည့် ရှေးမီးဖိုးကြီးတစ်ခုရှိသည်။ ကျောင်းမီးသွေးသုံး
သည့် ဗိုက်အိုးကျယ်သံမီးဖိုမျိုး။ ကောင်လေးတစ်ယောက်က နေ့ စဉ် နံနက်စောစောလာပြီး မီးမွှေးရသည်။ သူ့ ဆရာနှင့် သူ့ အတန်းဖော်များ လာလျှင် စာသင်ခန်းလေး နွေးနေအောင်ပေါ့။
တစ်မနက် ကျောင်းတက်သူတွေလာကြသည့် အချိန်မှာတော့ စာသင်ကျောင်းကလေးမှာ မီးတွေတဟုန်း ဟုန်းတောက်နေတာ တွေ့ ကြရသည်။ ကျောင်းထဲမှာ သတိမေ့နေသည့် ကောင်လေးကို သူ့ တို့ ဝိုင်းဝန်းဆွဲ ထုတ် ကြသည်။ ကောင်လေးက သေသလား ရှင်သလား မခွဲခြားနိုင်သည့် အနေထားမျိုး။ သူ့ ခန္ဓာကိုယ်
အောက်ပိုင်းက မီးတွေအကြီးအကျယ်လောင်းထားသည်။ သူ့ ကို နီးရာနယ်မြေဆေးရုံသို့  သယ်ယူခဲ့ ကြ သည်။
ဆေးရုံခုတင်ပေါ်မှာ သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည့်ကြားက ကောင်လေးနားထဲမှာ ဆရာ ဝန် စကားသံတွေ မသဲမကွဲကြားနေသည်။ ဆရာဝန်က သူ့ မိခင်အား သူမ၏သား အသက်ရှင်စရာလမ်း မရှိသည့်အကြောင်း၊ စင်စစ် ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး ယခုလောက် ဆိုးဆိုးဝါးဝါးကြီး လောင်ကျွမ်း ပျက်စီးသွားပြီးသည့်နောက်တွင်တော့ အသက်ဆက်မရှင်တာသည်ပင် ကောင်းသေးကြောင်း ပြောကြား
နေခြင်း ဖြစ်သည်။
သတ္တိကောင်းသည့် သည်ကောင်လေးက သေရမှာကို အလိုမရှိ။ ငါမသေဘူး ၊ အသက်ရှင်ရမယ်ဟု သူ အဓိဌာန်ပြုသည်။ တကယ်ပင် သူ ဆက်အသက်ရှင်လာတော့ ဆရာဝန်အံ့အားသင့်ရသည်။ မသေနိုင်တော့ ဘူးဆိုတာ သေချာသွားသည့်အချိန် ဆရာဝန်နှင့် သူ့ မိခင်ဆွေးနွေးပြောဆိုနေတာ သူ ကြားရပြန်သည်။ သူ့  ခန္ဓာကိုယ် အောက်ပိုင်းက အသားတွေ အမြောက်အမြား မီးကြောင့် ပျက်စီးသွားခဲ့ သဖြင့် နစ်သက်လုံး မစွမ်းမသန် ဒုက္ခိတဘဝဖြင့် နေသွားရလိမ့်မည် ဆိုသည့်အကြောင်းဖြစ်၏။
သည်စကားကြားပြီးသည့်နောက် ကောင်လေး တစ်ကြိမ် ထပ်၍ အဓိဌာန်ပြုသည်။ ငါ လမ်းလျှောက်နိုင်ရ မယ် ၊ ဒုက္ခိတဘဝ လုံးဝမရောက်စေရ ဟူ၍။ သို့ သော် အဓိဌာန်ပြုမည့်သာ ပြုရသည်။ ခါးအောက်ပိုင်း တစ်ခုလုံးက အသက်မဝင်၊ လှုပ်ရှားနိုင်စွမ်းမရှိဖြစ်နေသည်။
ကြုံလှီသေးကွေးသော ခြေထောက်နှစ်ချောင်းက အောက်ဘက်မှာ တွဲလောင်းကလေး။သည်လိုဖြင့် နောက် ၌သူ ဆေးရုံမှဆင်းခွင့်ရခဲ့ သည်။ အိမ်တွင် အမေက သူ့ ခြေထောက်ကလေးတွေကို နေ့ စဉ် နှိပ်နယ်ပေး သည်။
သို့ သော် ခြေထောက်တွေက ဘာခံစားမှုမျှမရှိ၊ ဘယ်လိုမှလည်း လှုပ်ရှားခိုင်း၍မရ၊ လုံးဝအသုံးမကျဖြစ်နေ သည်။ သို့ သော် လမ်းထလျှောက်နိုင်ရမည်ဟူသော သန္နိဌာန်က ခိုင်မာမြဲ ခိုင်မာဆဲပင်။ အိမ်၌ သူ့ ကို အိပ်ရာထဲ ထားလျှင်ထား၊ မဟုတ်လျှင် ဘီးတပ်ကုလားထိုင်၌ ထားလေ့ရှိသည်။ နေသာသော တစ်နေ့  အမေက သူ့ ကို လေကောင်းလေသန့်  ရှူရအောင်ဟူ၍ ခြံထဲ တွန်းယူသွားပြီး ထားသည်။ အဲသည်နေ့ မှာ သူက ကုလားထိုင်ထဲချည်း ထိုင်မနေတော့ဘဲ အောက်သို့  လှိမ့်၍ဆင်းသည်။
အဲသည်နောက် ဖြေထောက် နှစ်ချောင်းကို ဒရွက်ဆွဲကာ မြက်ခင်းမှာ ဝမ်းလျားထို၍သွားသည်။ သူတို့ မြေ ကွက်ကို ကာရံထားသည့် အဖြူရောင်ခြံစည်းရိုးတန်းဆီ ရောက်အောင် အားခဲပြီး သူသွားသည်။ သည့်
နောက်တွင် ခဲယဉ်းပင်ပန်းစွာ အားထုတ်ကြိုးပမ်းကာ သူ့ ကိုယ်သူ ခြံစည်းရိုးမှာ တွဲပြီးထူသည်။ ပြီးလျှင် ငါ လမ်းလျှောက်နိုင်ရမည်ဟူသော အာမာန်ဖြင့် စည်းရိုးတန်း တစ်လျှောက် သည်တစ်တိုင်မှ ဟိုတစ်တိုင် ဒရွက်တိုက်လျက် ရွှေ့ သည်။ အဲသည်မှစတင်ကာ နေ့ စဉ် နေ့ တိုင်း သည်အတိုင်း ကြိုးစားအားခဲ၍ လုပ်ရာ ခြံစည်းရိုးတန်း နံဘေးတစ်လျှောက်တွင် ချောမွတ်ညီညာသော လမ်းကြောင်းရာတစ်ခုပင် ထင် လာသည်။
သူ့  အဖို့  လောက၌ သူ့ ခြေထောက်နှစ်ချောင်း အသက်ဝင်လာအောင် လေ့ကျင့် ပျိုးထောင်ဖို့ ထက် ပို၍ထက်သန်လိုလားအပ်သောအရာ မရှိခဲ့။ သို့ နှင့် နောက်ဆုံး၌ ၊ နေ့ စဉ်နှိပ်နယ်ကုသမှု ၊ မဆုတ်မ နစ်သော စိတ်ဇွဲနှင့် ခိုင်မာသော သန္နိဌာန်တို့ ဖြင့် ကြိုးစား အားထုတ်မှုများကြောင့် သူ မတ်တက်ရပ်နိုင်လာသည်။ သည်နောက်တွင် လွတ်လွတ်ကျွတ်ကျွတ်။
အဲသည်နောက်တွင်ကား ပြေးနိုင်လာလေသည်။ သူ ကျောင်းသို့  လမ်းလျှောက်သွားသည်။ သည်နောက်
ပြေးသွားသည်။ နောက်တွင်မူ ပြေးရသည်ကို နှစ်သက်ခြင်းသက်သက်အတွက်ကြောင့်ပင် လျှောက် ၍ပြေးလေတော့သည်။ လောလိပ်ကျောင်း ရောက်သည့်အခါ ပြေးခုန်ပစ်အားကစားသမားအဖွဲ့ ထဲမှာ သူ ပါလာသည်။ နောက်တွင်မူ ၊ တချိန်သောအခါက အသက်ပင်ရှင်မှာမဟုတ်ဘူးဟု ထင်ခဲ့ ရသော၊ အသက်ရှင်သည့်တိုင် ဘယ်နည်းနှင့်မျှ လမ်းလျှောက်နိုင်မည်မဟုတ်ဟု ယူဆခဲ့ ရသော၊ ပြေးနိုင်ဖို့  ဆိုသည်ကိုကား နည်းနည်းမျှပင် မျှော်လင့်၍ မရနိုင်ခဲ့ သော၊ အလွန်ဇွဲကြီးလှသည့် ထိုကောင်းလေး ဂလင်ကန်နင်ဟမ်သည် တစ်ဖက်က ပညာရေးလက်တွင် အောက်မြင်ကာ ဒေါက်တာဂလင်ကန်နစ်ဟမ်ဟူ ၍ ဖြစ်လာသည့်ပြင်၊ တစ်မိုင်အဝေးကို ကမ္ဘာပေါ်တွင် အမြန်ဆုံးပြေးနိုင်သူအဖြစ်လည်း နယူးယောက်မြို့  မဒီဆင် စကွဲယား ပန်းခြံကြီးထဲတွင် စံချိန်တင် ပြေးပြနိုင်ခဲ့ ပေသည်။
မူရင်း။ ။ Burt Dubin ၏ The Power of Determination ဖေမြင့်

မှတ်ချက်များ