တောင်ကိုရီးယားသူဌေးတစ်ဦးက နပိုလီယံရဲ့ဦးထုပ်ကို ဝယ်ယူ
နာမည်ကျော် စစ်သူကြီးနပိုလီယံရဲ့ အစွန်းနှစ်ခုပါဦးထုပ်ကို ယူရို၁ဒသမ၅သန်း ဖြင့် ရောင်းချခဲ့တယ်လို့ Daily Mirror သတင်းဌာနက ဖော်ပြထားပါတယ်။
အဆိုပါစစ်သူကြီးနပိုလီယံရဲ့ နာမည်ကျော်အစွန်းနှစ်ခုပါဦးထုပ်ကို ဝယ် ယူခဲ့တဲ့သူကတော့ တောင်ကိုရီး ယားလုပ် ငန်းရှင်သူဌေး ကင်ယောင်ကွတ်ပဲ ဖြစ်ပါ တယ်။
သူဟာ ပြင်သစ်ဧကရာဇ်ရဲ့ ခေတ် သစ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ
ရှေ့ဆောင်လမ်းပြ အနေနဲ့ ယူဆလို့ ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဆိုပါ သက္ကလပ်သားမွေး ဦးထုပ်ကို ဝယ်ယူခဲ့တဲ့တောင်ကိုရီးယားသူ ဌေးကတော့ မဖြစ်နိုင်ဘူးဆိုတာမရှိ ဟူသော စစ်သူကြီး နပိုလီယံရဲ့စိတ်ဓာတ်ကို အမြဲ လေးစားတယ်လို့ ပြောဆိုခဲ့ပါတယ်။
Daily Mirror

မှတ်ချက်များ