ကျန်းမာရေးအတွက် ကောင်းတဲ့ ရဲယိုရွက် ငါးပေါင်းထုပ်

ထမင်းမြိန်စေမယ့် ရဲယိုရွက် ငါးပေါင်းထုပ်ပါ။ တချို့လည်း ငါးပေါင်းထုပ်ထဲ ဗူးသီး ပါးပါးလှီးပြီ ထည့်ပေါင်းပါ တယ်။ ရဲယိုရွက်က ဆေးဖက်ဝင်တာမို့ ကြိုက်နှစ်သက်ရင် ငါးပေါင်းထုပ်နဲ့ ရဲယိုရွက်ပါ တွဲစားလို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ငါးကြင်း(သို့)ငါးခူ(သို့)ငါးရံ့ – ၄၀ကျပ်သား
ရဲယိုရွက် – ရွက် ၃၀ (ရေစင်အောင် ဆေးထားပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
ဂျင်း – လက်တဆစ် (ညက်အောင်ထောင်းပြီ အရည်ညှစ်ပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်သီးမှုန့်(သို့)ငရုတ်သီးနှစ် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆန်လှော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (ဆန်ကိုလှော် ရေစိမ်ထားပြီ ဆုံထောင်းထဲ ထောင်းပေးပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ငါးကြင်းကို အရိုးထုတ်ဓားကွေး(သို့)ရိုးရိုးဓားဖြင့် ငါးအသားများကို နွှာပေးပါ။ အရေခံပါ ဖယ်ပေးပါ။

၂။ ငါးအသားနွှာပြီလျှင် အနေတော် အတုံးများ တုံးပေးပါ။

၃။ ပြီလျှင် ငါးကြင်းအသားများကို (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးမှုန့်၊ ဆန်လှော်မှုန့်၊ ဆနွင်းမှုန့်၊ ဆီ) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။

၎။ ပြီနောက် ရဲယိုရွက်ပေါ်သို့ နုယ်ထားသော ငါးကြင်းသားများကို တင်ကာ အထုပ်လေးများ ထုပ်ပေးပါ။ လုံအောင် သွားကြာထိုးတံဖြင့် ပြန်ပိတ်ပေးပါ။

မှတ်ချက် ။ ။ ရဲယိုရွက်အရွက် ကြီးလျှင် ၂ရွက်ဖြင့် ထုပ်ပေးပါ။ အရွက်သေးလျှင် ၃ရွက်ဖြင့် ထုပ်ပါ။

၅။ ထို့နောက် ရဲယိုရွက် ငါးပေါင်းထုပ်များကို ပေါင်းအိုးဖြင့် ၄၅မိနစ်ခန့် ပေါင်းပေးပါ။

၆။ ရဲယိုရွက် ငါးပေါင်းထုပ်ရပြီဆိုလျှင် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Wutyee Food House

မှတ်ချက်များ