ပဲကြီးကို ခရမ်းချဉ်သီးနဲ့ ရောချက်ထားတာပါ။ ထမင်းမြိန်စေတဲ့ ဟင်းရံ တမျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
ပဲကြီး – ၂၀၀ ဂရမ် (အခွံနွှာထားပေးပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဂီ(သို့) ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပဲကြီးကို ရေစင်အောင်ဆေးပြီ အခွံနွှာထားပေးပါ။
၂။ ပြီနောက် ဒယ်ထဲ ဂီ (သို့) ထောပတ် အပူပေးပြီ ပူလာလျှင် ကြက်သွန်နီ ဆီပူထိုးပေးပါ။
၃။ ပြီလျှင် ဆနွင်းမှုန့် ထည့်ကာ မိနစ်ဝက်ခန့်ေ၇ာမွှေပေးပါ။
၎။ ထို့နောက် ခရမ်းချဉ်သီး၊ ပဲကြီး၊ ရေ(၂၀၀မီလီလီတာ)၊ ဆား၊ ကြက်သားမှုန့် ထည့်ကာ အဖုံးအုပ်ပြီ ပဲကြီး နူသည်အထိ တည်ထားပေးပါ။ (ရေလိုလျှင် ထပ်ထည့်ပေးပါ)
၅။ ဆီပြန်လာလျှင် နံနံပင် အုပ်ပြီ အရသာရှိသော ပဲကြီးနုပ်ကို သုံးဆောင်လို့ ရပါပြီ…
Wutyee Food House

မှတ်ချက်များ