အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် မြင့်မားလာသော နိုင်ငံစာရင်းတွင် မြန်မာပါဝင်

ကိုးလ်ကတ္တားရှိ ဗန့်စ်ဟောလ်တရားရုံးသို့ ရုံးထုတ်လာသည့် မြန်မာနိုင်ငံသား တရားခံ ခါလစ်မိုဟာမက်ကို အိန္ဒိယအမျိုး သားထောက်လှမ်းရေးအေဂျင်စီ အရာရှိများ၊ အနောက်ဘန်ဂေါပြည်နယ်ရဲများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်။ ပါကစ္စတန် တာလီဘန်အဖွဲ့ TTP က ဖောက်ခွဲရေး ကျွမ်းကျင်သူအဖြစ် လေ့ကျင့်ပေးထားသော ခါလစ်ကိုဘာ့ဒ်ဝမ်မြို့တွင်
အောက် တိုဘာ ၂ ရက်ကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ၎င်းကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ RSO မှ အဖွဲ့ဝင်တစ်ဦးအဖြစ် စွပ်စွဲထားသည်။ ဓာတ်ပုံ − အေအက်ဖ်ပီ
အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုမြင့်လာသော နိုင်ငံများအဖြစ် ကမ္ဘာတစ်ဝန်း သတ်မှတ်ထားသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့ ပါဝင်ကြောင်း မကြာသေးမီက ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှု ညွှန်းကိန်း (GTI) အစီရင်ခံစာ အရ သိရသည်။

သြစတြေးလျနိုင်ငံရှိ စီးပွားရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းက ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှု စုစုပေါင်း၏ ၈၂ ရာခိုင်နှုန်းမှာ နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နှင့် ဆီးရီးယား အစရှိသည့် ငါးနိုင်ငံ၌သာ ဖြစ်ပွားကြောင်း ဖော်ပြ ထားသည်။

အကြမ်းဖက်တိုက်ခိုက်မှု အကြိမ်အရေအတွက်များသော အခြား ငါးနိုင်ငံတွင် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ထိုင်း အစရှိသည့် အာရှ နိုင်ငံများ ပါဝင်နေသည်။ ယင်း နိုင်ငံများမှာ ခွဲထွက်ရေးအုပ်စုများကြောင့် အဓိက အန္တရာယ် ကျရောက်နေသည်။

စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံပေါင်းများစွာမှာ မကြာသေးမီနှစ်များအတွင်းက အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ထိခိုက်မှုမရှိသလောက်ဖြစ်ကြောင်း သိရသည်။

ယင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုသည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ဖြစ်စဉ်ဖြစ်ကာ အချို့သော နိုင်ငံ များတွင် မည်သည့်အတွက်ကြောင့် ပိုမိုဖြစ်ပွားကြောင်း GTI က အလေးထား ဖော်ပြခြင်းအပေါ် ကျွမ်းကျင် သူများက သတိပေးရခြင်း၏ အကြောင်းရင်းများအနက် တစ်ခုဖြစ်သည်။

ကမ္ဘာတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုအရေအတွက် မြင့် တက်လာသည်ကို အသိအမှတ်ပြု ကြရမည်ဖြစ် ကာ အာဖရိကတွင် အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာသော်လည်း ၂၀၁၃ ခုနှစ်အတွင်း အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သော လူအရေအတွက်ထက် သာမန်လူသတ်မှုဖြင့်သေဆုံးသူ အရေ အတွက် အဆ ၄၀ ပိုများခဲ့သည်ကိုလည်း အသိအမှတ်ပြုကြရမည်ဟု ကော်လိုရာဒိုတက္ကသိုလ် မှ ကထိက ဒန်အက်ရစ်ဆန်က ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှုအများစုမှာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှု မဖြစ်ပေါ်စေခဲ့သော်လည်း အကြမ်း ဖက်တိုက်ခိုက်သည့် အကြောင်းရင်းများ ပြောင်းလဲမှုရှိလာကြောင်း GTI က ဖော်ပြသည်။

အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် အဓိကမောင်းနှင်သော အရာများမှာ အမျိုးသားရေး နှင့် ခွဲထွက်ရေး လှုပ်ရှားမှုများ ဖြစ်လေ့ရှိသည်။

ယခုအခါ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် အဓိက မောင်းနှင်သော အရာမှာ ဘာသာရေးဖြစ် လာကြောင်း သိရသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် အကြမ်းဖက်တိုက်ခိုက်မှု များ မြင့်တက်လာမှု၌ ဘာသာရေးက အဓိက ကျသည်။ အစွန်း ရောက်အဖွဲ့များက ဒေသအလိုက် အာရုံစိုက်လှုပ်ရှားလာကြသည်ကို တွေ့မြင်ရသည့်အ တွက် အနာဂတ်တိုက်ခိုက်မှုများ၏ အန္တရာယ်များကို လျှော့ချရန် နည်းလမ်းတစ်ခုအဖြစ် အခွင့်အရေးများ၊ သည်းခံမှုများ ပိုများလာအောင် အလေးထားဆောင်ရွက် ရမည်ဟု GTI က သတိပေးထားသည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံများမှာ လူ့အဖွဲ့ အစည်းများကြား ကောင်းမွန်သော ဆက်ဆံရေး များ၊ လက်ခံ နိုင်မှုနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုတို့ကဲ့သို့ အဓိကကိစ္စများ အားနည်းနေသောကြောင့် ယင်းနိုင်ငံများတွင် ရှေ့လာမည့်နှစ်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်များ ပိုများလာနိုင်ကြောင်း GTI က ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်တိုက်ခိုက်မှု ညွှန်းကိန်း GTI ၏ အစီရင်ခံစာအရ အကြမ်းဖက်လှုပ်ရှားမှု ပိုများ လာသည့် အန္တ ရာယ်နှင့် ကြုံနေသော နိုင်ငံများမှာ အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ဗဟိုအာဖရိက၊ အိုင်ဗရီ ကို့စ်၊ အီသီယိုးပီးယား၊ အီရန်၊ အစ္စရေး၊ မာလီ၊ မက္ကဆီကို၊ မြန် မာ၊ သီရိလင်္ကာနှင့် ယူဂန္ဓာနိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။

7day


မှတ်ချက်များ