တောင်အာဖရိကနိုင်ငံ စကော့ဘက်မြို့တရားရုံးက တောင်အာဖ ရိကရဲတွေ ဖမ်းရခက်ခဲ့တဲ့ လက်တစ်ဖက်
ပြတ် ရာဇဝတ်သားကို ထောင်ဒဏ် ၃၁၅ နှစ် ချမှတ်လိုက်ပါတယ်။
ဖမ်းရခက်လွန်းလို့ တောင်အာ ဖရိကရဲတွေက မက်သီဘူလိုကို Spring bok လို့ နာမည်ပေးထားခဲ့ပါတယ်။ Spring bok ဆိုတာ အနောက်တောင်အာဖရိက မှာ ကျက်စားတဲ့ အလွန်လျင်မြန်တဲ့သမင် အမျိုးအ စားပါ။
ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက မက်သီဘူလိုဟာ အလွန် သန်မာပြီး လျင်မြန်တဲ့အတွက် တာဝန်ရှိသူ တွေ လိုက်လံဖမ်းဆီးမှုကနေ အကြိမ်ကြိမ် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
မတော် တဆ ဓာတ်လိုက်ရာက ညာလက်တံတောင် ဆစ်အောက်ပိုင်းကို ဖြတ်တောက်ပစ်ခဲ့ရ ပြီး လက်တု တပ်ဆင်ခဲ့ရတဲ့ မက်သီဘူလို (၃၃နှစ်)ဟာ အမျိုးသမီး ၁၈ဦးကို အဓမ္မပြု ကျင့်ခဲ့တဲ့အတွက် ထောင်ဒဏ် ၃၁၅နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဆရာဝန်တစ် ဦးကလည်း မက်သီဘူလိုဟာ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းအတွက် အန္တရာယ် ကောင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
TheFlowerNews

မှတ်ချက်များ