မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံကြား ကာကွယ်ရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင်ရေးရည်ရွယ်ကာ လာရောက်သည့် တောင်ကိုရီးယားစစ်သင်္ဘောနှစ်စင်း မြန်မာနိုင်ငံသို့ ရောက်ရှိ

ချစ်ကြည်ရေးခရီး ရောက်ရှိလာသည့် တောင်ကိုရီးယားရေတပ်မှ အရာရှိများကို မြန်မာရေတပ်မှ အရာရှိများက ကြိုဆိုနေစဉ်
မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံကြား ကာကွယ်ရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ လာ
ရောက်သည့် ကိုရီးယားလေ့ကျင့်ရေး စစ်သင်္ဘောနှစ်စင်းဖြစ်သော ROKS Choi Young (Destroyer) နှင့် ROKS Cheonji (Oiler) တို့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သန်လျင်သီလဝါဆိပ်ကမ်း သို့ ရောက်ရှိလာခဲ့သည်။

ယခု တောင်ကိုရီးယားလေ့ကျင့်ရေး စစ်သင်္ဘောနှစ်စင်း မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အပြီးတွင် ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားစစ်သင်္ဘောများ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်
ကြောင်း သိရသည်။

တောင်ကိုရီးယား လေ့ကျင့်ရေးစစ်သင်္ဘောမှ အရာရှိ Chun, Jungsoo က “မြန်မာတပ်မတော်ကာကွယ်
ရေးဦးစီးချုပ် မိမိတို့နိုင်ငံကို သွားရောက်ပြီးတဲ့အခါမှာ ဒီလိုမျိုး မိမိတို့အနေနဲ့ မြန်မာနိုင်ငံကို လာရောက် ပြီးတော့ ဆိပ်ကမ်းကပ်ဖို့အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်က ပထမဆုံးဖြစ်ပေမယ့်
ရှေ့လျှောက်အနာဂတ်မှာ နှစ်နိုင်ငံကြားမှာ ကာကွယ်ရေးကဏ္ဍမှာ ပိုမိုပြီးတော့ တိုးမြှင့်ပူးပေါင်း ဆောင် ရွက်သွားနိုင်မယ့် အခြေခံဖြစ်ဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ဘာသာပြန်မှတစ်ဆင့် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် စက်တင်ဘာလအ တွင်းက တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ရာ မြန်မာ-တောင်ကိုရီးယားနိုင်ငံတို့၏ သံတမန်ဆက်ဆံ မှု နှစ်လေးဆယ်ကျော်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပထမဆုံး ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံရာတွင်နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လေ့ကျင့်ရေးစစ်သင်္ဘောနှစ်စင်း မြန်မာနိုင်ငံသို့ ရောက်ရှိခြင်း အထိမ်းအမှတ် အခမ်းအနားကို ယင်းစစ်သ
င်္ဘော၌ပင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ် မစ္စတာ Lee Baeksoon က “စစ်သင်္ဘောကြီးဟာဆိုရင် နိုင်ငံရဲ့ ကာကွယ်ရေးတပ်မတော်တစ်ခုကို ကိုယ်စားပြုတာ ဖြစ်တာကြောင့် စစ်သင်္ဘောကြီး ဆိုက်ကပ်နားခိုရာ တိုင်းပြည်ဆိုတာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုအဆင့် အလွန်တရာ နက်ရှိုင်းလှတဲ့နိုင်ငံသာ ဖြစ်ပါတယ်။ ရှေ့အနာဂတ်တွင် နှစ်နိုင်ငံ ရေတပ်မတော်ချင်းကြားက ချစ်ကြည်ရင်းနှီ မှုကို ပိုမိုပြုစု ပျိုးထောင်သွားနိုင်မယ်လို့ အကြွင်းမဲ့ ယုံကြည်မိပါတယ်။ ယခုတစ်ခေါက် ခရီးစဉ်ဟာ နှစ်နိုင်ငံ ရေတပ်မတော်ချင်းကြား ချစ်ကြည်ရင်းနှီးမှုများ ဆထက်ပွားလာစေဖို့ လှေခါးထစ် တစ်ခု ဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်” ဟု ဆိုသည်။

အဆိုပါ လေ့ကျင့်ရေးစစ်သင်္ဘောနှစ်စင်းသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံသို့ သွားရောက်မည်
ဖြစ်ပြီး စစ်သင်္ဘောနှစ်စင်းတွင် တောင်ကိုရီးယား ရေတပ်မတော်မှ သင်တန်းသားများ အပါအဝင် စုစုပေါင်း ၆၅ဝ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ လေးရက်ကြာ နေထိုင်သွားမည်
ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားစစ်သင်္ဘောနှစ်စင်း၏ ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ ထောက်ပံ့ကူညီ မှုပစ္စည်းများ လှူ ဒါန်းပေးအပ်ခဲ့ပြီး မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ၊
မြန်မာ့ရေတပ်မတော်သားများမှ တောင်ကိုရီးယား လေ့ကျင့်ရေးစစ်သင်္ဘောပေါ်သို့ လာရောက်လေ့လာ
ခြင်း အစီအစဉ်၊ တောင်ကိုရီးယား ရေတပ်သားများက မြန်မာရေတပ်စခန်းသို့ သွားရောက်လေ့လာခြင်း အစီအစဉ်၊ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲများကျင်းပခြင်း အစီအစဉ်၊ အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုခြင်း အစီအစဉ်များ၊ မိဘမဲ့ကျောင်းများသို့ သွားရောက်၍ စေတနာ့ဝန်ထမ်းများ လုပ်ကိုင်ပေးမည့် အစီအစဉ် စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အောင်ဇော်ထွန်း | EMG

မှတ်ချက်များ