လမ်းဘေးတွင်ရပ်နေသူအမျိုးသား ဆိုင်ကယ်တိုက်ခံရ သဖြင့် သေဆုံး၇.၁၁.၂၀၁၄ ရက်နေ့ ၀၉၁၅ အချိန် လှိုင်သာယာမြို့နယ်၊ အမှတ်(၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာဆေးရုံသို့ အမျိုး သားတစ်ဦး ယာဉ်တိုက်ခံရသည့် ဒဏ်ရာများဖြင့် သေ ဆုံး ရောက်ရှိလာကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ ကိုဆန်းကို၊ (၃၀)နှစ်ဖြစ်ပြီး ယာတံတောင်နှင့် ယာခြေ သလုံးတို့တွင် ပေါက်ပြဲ ဒဏ်ရာများ၊ ဦးခေါင်းနောက်
စေ့၊ နဖူး၊ ၀ဲမျက်လုံး၊ ၀ဲခြေသလုံးတို့တွင် ဖူးရောင်ဒဏ် ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၂၆.၁၁.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သေဆုံးသူသည် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း မြစိမ်းရောင်တံတားအနီး လမ်းဘေး၌ ရပ်နေစဉ် ထန်းတပင်မြို့နယ် ဘက်မှ လှိုင်သာ ယာမြို့နယ် ဘက်သို့မောင်းနှင်လာသော ဆိုင်ကယ်(၁)စီးမှ ၎င်းအား ၀င်ရောက် တိုက်မိပြီးမောင်းနှင် ထွက်ပြေး သွားခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းမှာ နေအိမ်သို့ပြန်၍ အိပ်နေ ခဲ့ရာမှ ၂၇.၁၁.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန်တွင် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ ဆိုင်ကယ်ဖြင့်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားသူအား သောင်ကြီးနယ်မြေရဲစခန်း ယာဉ် (ပ)၄၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

မှတ်ချက်များ