တရုတ်အစိုးရသည် အမေရိကန် နိုင်ငံသားများ ထံသို့ ၁ဝ နှစ် သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာများကို နိုဝင် ဘာ ၁၂ ရက်က ပထမဆုံး အကြိမ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် အက်မွန်ဒေါင်းနီ (ပုံ) အမည်ရှိ သုတေသန ပညာရှင်သည် အမေရိကန်နိုင်ငံ ရှိ တရုတ်သံရုံးမှ ၁ဝ နှစ်သက်တမ်းရှိ ဗီဇာကို လက်ခံ ရရှိခဲ့သည့် ပထမဦးဆုံး အမေရိကန် နိုင်ငံသား တစ်ဦး
ဖြစ်လာခဲ့ကြောင်း သိရသည်။
ပေကျင်းမြို့တွင် နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့သော အာရှပစိဖိတ် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး ( APEC ) ထိပ်သီး အစည်းအဝေး ပွဲတွင် ကြေညာခဲ့သည့် သဘောတူညီချက် အသစ်အရ တရုတ်
နှင့် အမေရိကန် အစိုးရတို့သည် ၄င်းတို့ နှစ်နိုင်ငံအကြား စီးပွားရေး လုပ်ငန်းရှင်များ နှင့် ကမ္ဘာလှည့် ခရီး သည်များကို ၁ဝ နှစ် သက်တမ်းရှိ ဗီဇာများ တရားဝင် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျောင်းသားဗီဇာ များကိုလည်း ငါးနှစ်အထိ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
PyiChitThar
ပင်မ
/
အမေရိကန် နိုင်ငံသားများကို ၁၀ နှစ်သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာ ကို တရုတ်အ စိုးရ ပထမဆုံးအကြိမ် ထုတ်ပေး

မှတ်ချက်များ