သားဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရမှုကို တုံ့ပြန်သည့် အနေဖြင့် အာဖဂန်အမျိုးသမီး တစ်ဦးက တာလီဘန် ၂၅ ဦးကို ပစ်သတ်ခဲ့
အာဖဂန်နစ္စတန် နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဖာရာပြည်နယ် အနောက်ပိုင်းတွင် သားဖြစ်သူအား တာ လီဘန် စစ်သွေးကြွ များက သေနတ်နှင့် ပစ်သတ် ခဲ့ခြင်းကို ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် အဆိုပါ စစ်သွေးကြွ ၂၅ ဦးကို ပြန်လည် တုံ့ပြန် ပစ်သတ် ခဲ့ကြောင်း RT သတင်းဌာန ၏ သတင်းတစ်ရပ်အရ သိရ သည်။
ရီဇာဂုလ် အမည်ရှိ အဆိုပါ အမျိုးသမီး သည် ဖာရာပြည်နယ် ရှိ ကျေးရွာ တစ်ရွာတွင် သူမ၏ သားဖြစ်သူ ရဲ အရာရှိကို တာလီဘန် စစ်သွေးကြွ များက သတ်ဖြတ် ခဲ့သည်ကို တွေ့ရှိ ခဲ့ပြီးနောက် အဆိုပါ စစ်သွေးကြွ များအား ပြန်လည်တုံ့ပြန် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုအတွင်း တာလီဘန် စစ်သွေးကြွ အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပြီး အခြား ငါးဦး ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် ယင်း ပစ်ခတ်မှုမှာ ခုနစ်နာရီ ကြာမြင့် ခဲ့ကြောင်း သိရသည်။ ထို့ပြင် တာလီဘန် စစ်သွေးကြွ များကို ယင်းသို့ ပြန်လည် တိုက်ခိုက်ရာတွင် အဆိုပါ အမျိုးသမီး၏ သမီးဖြစ်သူ နှင့် သားမက် တို့ကလည်း ကူညီပေး ခဲ့ကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ