ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကို လုပ်ကြံ၍ အာဏာသိမ်းရန် ကြံစည်ခဲ့မှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့ က ယမန်နေ့တွင် ပြောကြားခဲ့သည်။
အသက် ၃၆ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအ တွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို ပြုလုပ်ရန် ဂျာမက်အူလ မူဂျာဟစ်ဒင် အဖွဲ့က စီစဉ်လျက်ရှိကြောင်း
အိန္ဒိယ အာဏာပိုင် များက ဖော်ထုတ် နိုင်ခဲ့ပြီး နောက်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် လွန်ခဲ့သည့်လက လက်လုပ်ဗုံး ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့သည့် မူဂျာဟစ်ဒင် အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေ
တွေ့ရှိ ပြီးနောက် အဆိုပါ အမျိုးသမီးအား နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ အာသံပြည်နယ် တွင် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကြမ်းဖက် အဖွဲ့သည် ဝန်ကြီးချုပ် ဟာဆီနာ နှင့် အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခါလီဒါဇီယာ ကိုလည်း သတ်ဖြတ်ရန် ကြံစည်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
ရှိတ်ဟာဆီနာ နှင့် ခါလီဒါဇီယာ တို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် ဆယ်စုနှစ် တစ်ခုကျော် အ ကြာ လွှမ်းမိုးလျက် ရှိသည့် ခေါင်းဆောင်များ ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန် မှ လွတ်လပ်ရေး ရရှိခဲ့သည့်ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လွတ်လပ်ရေး ရပြီးချိန်မှ စ၍ နိုင်ငံအတွင်း ၌ အကြမ်းဖက် တိုက်ခိုက် မှုများ၊ အဓိကရုဏ်း များနှင့် ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။
PyiChitThar
ပင်မ
/
ဝန်ကြီးချုပ်ကို လုပ်ကြံ၍ အာဏာသိမ်းရန် ကြံစည်ခဲ့သည့် အမျိုးသမီးတစ်ဦးအား အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

မှတ်ချက်များ