RSO(ခေါ်)ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့ ဝင် (၄)ဦး ဘယ်ကနေ ဘယ်လို ၀င်ရောက် လာသလဲ
မြန်မာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားရှိတဲ့ ဘင်္ဂါလီလူမျိုး (၄)ဦး ဟာ ရခိုင်ပြည်နယ်၊ မောင်တောဘက်ကနေ တစ်ဆင့် ဘင်္လားဒေ့ရှ်နိုင်ငံကို ဝင်ရောက်ပြီ စစ်သင်တန်း တက်ခဲ့ ကာ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်း အတွင်းမှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ကို ရောက်ရှိခဲ့
ကြောင်း၊ သူတို့ တွေဟာ ဖောက်ခွဲရေးနှင့် အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ကိုင်ရန်လိုအပ်သည့် အ ဆက် အသွယ်နဲ့  အကူအညီများ ဆက်သွယ်ရယူ နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ တယ် လို့ ဆိုပါတယ်။
အဆိုပါ ဘင်္ဂါလီ လူမျိုး(၄)ဦးဟာ မြန်မာနိုင်ငံ အတွင်းကို မဲဆောက် -မြဝတီ -မော်လမြိုင် လမ်းကြောင်း အတိုင်း ဝင်ရောက်လာခဲ့ရာ နိုဝင်ဘာလ ၅ ရက် ဝ၇၃၀ချိန် မော်လမြိုင် မြို့ ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း ၊ နိုဝင်ဘာလ ၅ ရက်မှစပြီး မော်လမြိုင်မြို့ ကနေ ရန်ကုန်မြို့ ကို (၁)ဦးချင်းစီ အချိန်ခြားပြီး ထွက်ခွာ သွားကြ မည် ဖြစ်ကြောင်းလည်း သတင်းထွက် ပေါ်ခဲ့ပါတယ်။
ယခုအခါ နေပြည်တော်မှာ (၂၅)ကြိမ်မြောက်၊ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပမည့် အချိန် အခါနဲ့
တိုက် ဆိုင်နေတာကြောင့် အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီး လုပ်ကြံမှုများကို နေပြည်တော်(ဒါမှမဟုတ်) ရန်ကုန်မြို့ မှာ ပစ်မှတ်ထားကာ လှုပ်ရှားမှု ပြုလုပ်လာ နိုင်ဖွယ်ရှိကြောင်း လုံခြုံရေး အာဏာပိုင်တွေ့ က ခန့် မှန်း ထားပါတယ်။
ရဲတပ်ဖွဲ့ ကနေ သက်ဆိုင်ရာ နယ်မြေလုံခြုံရေး အဖွဲ့ တွေကို ဆီကို ပေးပို့ ထားတဲ့ RSO အဖွဲ့ ဝင် ဘင်္ဂါလီ
ဖောက်ခွဲရေး သမား(၄)ဦးရဲ့  အချက် အလက်တွေကတော့ --
(၁) သန်းဝင်း (အဖွဲ့ ခေါင်းဆောင်၊ ပြည်တွင်း လှုပ်ရှားရေး တာဝန်ခံ) အရပ်(၅)ပေ(၆)လက်မ၊ ကိုယ် လုံး တောင့်တောင့်၊ စကား(၃)မျိုးတတ် (မြန်မာ/အင်္ဂလိပ်/အာရဗီ)၊ မြန်မာနိုင်ငံ အတွင်း၌ စီးပွားရေး လုပ်ငန်းရှိကြောင်း။
( ၂) အီစမိုင်(ခ)ဇော်ဝင်း(အဖွဲ့ ဝင်၊ အစ္စလမ်စစ်သွေးကြွ အကူ ဖောက်ခွဲရေးသမား) အရပ် (၅)ပေ (၅) လက်မကျော်၊ ဆီးဂိမ်းတွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ပြီး အဓိက မြို့ ကြီးများ၌ သွားရောက် လှည့် လည်ခဲ့ကြောင်း။
( ၃) အာဇက်(ခ)အမင်း(အဖွဲ့ ဝင်၊ အစ္စလမ်မစ် စစ်သွေးကြွ တိုက်ခိုက်ရေး သင်တန်းဆင်း) အရပ် (၅)ပေ (၇)လက်မ၊ ကိုယ်လုံးကိုယ်ထည် ပိန်ပါးကျစ်လျစ်၊ ရန်ကုန်မြို့ တွင် မွေးဖွားကြီး ပြင်းခဲ့ကြောင်း။
(၄) အိုစမာ(ခ) ဒါဝတ်(အဖွဲ့ ဝင်၊ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ)။ တို့ ပဲ ဖြစ်ပါတယ်။
Rohingya Solidarity Organization(RSO)ခေါ် ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့ ဟာ ၂၀၁၃ ခုနှစ် နှစ်လယ်ကစပြီး ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar နှင့် Teknaf မြို့ အကြား Ukhia နယ်မြေ အတွင်းမှာ အခြားနိုင်ငံ အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့ အစည်းတွေရဲ့ အကူအညီနဲ့  စစ်သင်တန်း ဖွင့်လှစ် လေ့ကျင့်ပေး ခဲ့ရာ မြန်မာနိုင်ငံဘက်က ဘင်္ဂါလီအချို့  အဆိုပါ စစ်သင်တန်းကို သွားရောက် သင်တန်း တက်ရောက်ခဲ့ ကြကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် သတင်းရပ်ကွက်တွေကနေ သတင်းထွက်ပေါ်ခဲ့ဘူး ပါတယ်။
အခုအခါ ဖောက်ခွဲရေး သမားများ ဝင်ရောက်လာနိုင် သည့် လမ်းကြောင်းများ တစ်လျှောက် စိစစ်ရေး ၊ ဖောက်ခွဲရေးသမားများ တည်းခို နိုင်သည့် နေရာဒေသ များအား စိစစ်နိုင်ရေးနှင့် ဖော်ထုတ် ဖမ်းဆီး
ဆောင်ရွက်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကနေ သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့ တွေကို ညွှန်ကြားထား ရှိပြီး ဖြစ်ကြောင်း သစ်ထူးလွင်ကနေ စုံစမ်း သိရှိရပါတယ်။
THIT HTOO LWIN




မှတ်ချက်များ