သေမင်းခံတွင်းက လွတ်မြောက်ခဲ့ဖူးတဲ့ သမ္မတဟောင်း ဂျော့ခ်ျအိတ်ခ်ျဒဗလျူဘုရှ်


အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျ အိတ်ခ်ျဒဗလျူဘုရှ်ဟာ အရင်နှစ်နှစ်ကျော်က အိပ် ရာထဲမှာလဲပြီး မရဏမင်းလာခေါ်မယ့်အချိန်ကို စောင့်နေရတဲ့အဖြစ်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။

ဒါပေမဲ့ မယုံနိုင်လောက်အောင် ထူး ဆန်းအံ့သြဖွယ်ရာ (၄၁)ဆက်မြောက် နိုင်ငံ့အကြီး အကဲအနေနဲ့ ပြန်ပြီး နာလန်ထူလာနိုင်ခဲ့ပါတယ်။ မစ္စတာဘုရှ်ရဲ့သားက (၄၃)ဆက်မြောက် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ပဲဖြစ်ပါ တယ်။ သားဖြစ်သူရေး တဲ့ စာအုပ်အသစ်ဖြစ်တဲ့ '၄၁း ကျွန်တော့်အဖေရဲ့ ပုံရိပ်'ထဲမှာ သူတို့မိသားစု အကြီးအကျယ်ဒုက္ခ ရောက်ခဲ့ရဖူးပေမယ့် အအေးမိဝေဒနာဆေးရုံဇာတ် လမ်းတစ်ပုဒ်ကို ခံနိုင်ရည်ရှိ သွားခဲ့ပါပြီလို့ ရေးသား ထားပါတယ်။

အဖေဘုရှ်အနေနဲ့ ၂ဝ၁၂ ခုနှစ် နိုဝင် ဘာလမှာ အပြင်းအထန်ချောင်းဆိုးပြီး ဟူစတန် ဆေးရုံကိုတက်ခဲ့ ရပြီးနောက် သူ့အဖေက ပြက်လုံး ထုတ်သွားခဲ့ကြောင်း သားဘုရှ်က ပြန်ပြောင်းပြော ပြ သွားပါတယ်။

ဒါကတော့ 'အဖေဘယ်လိုနေသေးလဲ'လို့ သားကမေးလိုက်တဲ့အခါ အဖေက ပြုံးပြီး'ချောင်း မဆိုးတော့ပါ ဘူး။ ဒါကြောင့် အခေါင်းလဲ လွတ် သွားပါပြီ'ဟု ပြန်ပြောလိုက်တာဖြစ်ပါတယ်။

GLOBE

မှတ်ချက်များ