ခြေဗလာလမ်းလျှောက်ခြင်းရဲ့ ကောင်း ကျိုး လေး များ
ကျောက်စရစ် ခဲလုံးလေးတွေပေါ် ဖိနပ်မပါဘဲလမ်းလျှောက် နေတာကိုမြင်ဖူးကြမှာပါ။
မြေပြန့်ပေါ်မလျှောက်ဘဲ ဘာ့ကြောင့် တကူးတက ခဲလုံး ပေါ် လမ်းလျှောက်ကြရတာလဲ?
ဖိနပ်ချွတ်ပြီး ဘာ့ကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက်ကြရတာလဲ?
(၁) သွေးကျစေပါတယ်
အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါရှိသူ သက်ကြီး ရွယ်အိုများကို ရက်သတ္တတစ်ပတ်လျှင် သုံးနာရီဖြင့် အချိန် ကာလလေးလကြာမျှ ကျောက်စရစ်ခဲတွေပေါ် ခြေဗလာ ဖြင့်လမ်းလျှောက်စေခဲ့ရာ သိသိသာ သာ သွေးတိုးကျသွား ပါတယ်။ သွေးတိုးရောဂါသည်များ အဲဒီလို လျှောက်ပေး ခြင်းက မြေပြင် ညီပေါ်ဖိနပ် စီး၍ ပုံမှန်လမ်းလျှောက်ခြင်း ထက် ပိုမိုကောင်းကျိုးဖြစ်စေတယ်လို့ ၂ဝဝ၅ခုနှစ်ထုတ် The American Geriatrics Society (ခေါ်)အမေရိကန် သက်ကြီးရွယ်အို လူ့ဘောင်အဖွဲ့လို့အမည်ရတဲ့ဂျာနယ်တစ်စောင် မှာ ဖော်ပြထားပါတယ်။
(၂) အာရုံစူးစိုက်မှုကောင်းလာစေပါတယ်
အာရုံစူးစိုက်ပြီးခြေလှမ်းတိုင်းကို ဖြည်းဖြည်းနဲ့ မှန်မှန်လှမ်းလျှောက်ရခြင်းကြောင့် သက်ကြီးပိုင်း ဆိုင်ရာ အသိအာရုံ ကောင်းမွန်တိုးတက်လာပါ တယ်။
(၃) စိတ်တက်ကြွမှုဖြစ်စေပါတယ်
ဘဘာဝပထဝီမြေကြီးဓာတ်ရဲ့ထူးခြားသော အကျိုးအာနိသင်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ် ပိုင်းဆိုင် ရာပါကောင်းကျိုးပြုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပင်သောကများကို အလိုအ
လျာက်ပြေလျော့သွားတယ်လို့ဆိုပါတယ်။
(၄) ခြေဖဝါးအနှိပ်ခံသကဲ့သို့ ထိရောက်မှုဖြစ်စေပါတယ်
ခြေဖဝါးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့အကြော စုံဖြစ်သလို ခန္ဓာကိုယ်တွင်းကလီစာများနှင့်လည်း ဆက် နွှယ်နေလို့ ခြေဖဝါးနှိပ်နယ်ကုသမှုခံယူနေကြခြင်းဖြစ်ပါ တယ်။ ယခုလို ကျောက်စရစ်ခဲတုံးလေးေ
တွေပေါ် ခြေဗလာ ဖြင့်လမ်းလျှောက်ခြင်းက လက်ဖြင့်နှိပ်နယ်ခံရသကဲ့သို့ အ ကျိုးအာနိသင်ရှိစေလို့ ငွေမ ကုန်ဘဲ ရောဂါသက်သာစေ တဲ့နည်းလမ်းကောင်းပါပဲ။
(၅) ကြွက်သားများကို ကျန်းမာစေပါတယ်
ကျောက်စရစ်ခဲများ ပေါ် ခြေကြွလမ်းလျှောက် ခြင်းကြောင့် ခြေဖနောင့်၊ ခြေဖဝါးအလယ်၊ ခြေချောင်း စသည်ဖြင့် ခြေဖဝါးတစ် ပြင်လုံး သွေးလည်ပတ်မှု ကောင်းစေကာ ဖြေဖဝါး ကြွက်သားများကို ကျန်း မာကြံ့ခိုင်လာစေပါတယ်။ လွန်ခဲ့ သောအနှစ်၂ဝဝဝခန့်က ခြေနင်းဖိနပ်လုံးဝမစီးဘဲ ခြေဗလာဖြင့် လှည့် လည်သွားလာရှင်သန်ခဲ့ကြသည့် ဇူးလူးလူ မျိုးတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုများကို ပြန်လည်လေ့ လာဆန်းစစ်ကြည့်ရာ ယနေ့ခေတ်အရိုးစုနဲ့မတူ ခြေချောင်း ရိုးလေးများ သန်မာကြကြောင်းလေ့လာတွေ့ ရှိရပါတယ်။
(၆) ခြေထောက်ယောဂလေ့ကျင့်ခန်းယူခြင်းတစ်မျိုးပါပဲ
ခြေဖဝါးကိုဟန်ချက်ညီညီ ကျောက်စရစ်ခဲပေါ်ထိန်း ပြီးကိုယ်ကိုမတ်မတ်ထားကာ ခြေဆန့်လမ်းလျှောက်
ခြင်း ကြောင့် ကြွက်သားနှင့်အရိုးစပ်ကြားရှိအရွတ်ကြောလုံးများ၊ ခြေတစ်ချောင်းစီရဲ့အရိုးများကို ဆက် သွယ်ထားသည့် အရွတ်ပြားများနှင့် အရိုးအဆစ် အဆက်များကို ကျန်းမာကြံ့ခိုင်စေသည့်အပြင် ဒူးနာ၊ ခါးနာတို့ကိုပါပျောက်ကင်းစေလို့ ခြေထောက်ယောဂ ကျင့်စဉ် အထူးလုပ်နေစရာ မလိုတော့ပါဘူး။
(၇) ညဘက်နှစ်ခြိုက်စွာအိပ်မောကျစေပါတယ်
နှစ်ခြိုက်စွာအိပ်မောကျစေလို့ နာတာရှည်အိပ်မပျော် သူများအတွက် အကောင်းဆုံးကုထုံးလို့ဆိုပါတယ်။
(၈) ဇီဝကမ္မဖြစ်စဉ်ကို အလုံးစုံတိုးတက်စေပါတယ်
လူ့ခန္ဓာကိုယ်ကို ရေဓာတ်ရာခိုင်နှုန်း ၆ဝနဲ့ဖွဲ့စည်း တည်ဆောက်ထားတာပါ။ ကမ္ဘာပထဝီမြေကြီးရဲ့အစိတ် အ ပိုင်းတစ်ခုဖြစ်တဲ့ ကျောက်စရစ်ခဲထဲမှာ သံဓာတ်များပါရှိပါ တယ်။
ထိုကျောက်စရစ်ခဲပေါ်ခြေဗလာလမ်းလျှောက်ခြင်း ဖြင့် ခြေဖဝါးအပူဓာတ်ကနေ သံဓာတ်များ ကိုယ်ခန္ဓာထဲ စီး ဝင်လာပြီး အဆိပ်အတောက်ပြေစေခြင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို သက်သာစေခြင်း၊
ဟော်မုန်းမျှတခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာစေခြင်း စသည်ဖြင့် ကောင်းကျိုး များ ခံစားရစေပါ တယ်။ ရေစွတ်စိုသောသဲသောင်ပြင်ပေါ် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်းကလည်း ထိုကျန်းမာရေး အကျိုးကျေးဇူးများကို ရနိုင်ပါတယ်။
(၉) ပျော်ရွှင်စရာလေ့ကျင့်ခန်းတစ်မျိုးပါ
နေခြည်နုနုအောက် လေကောင်းလေသန့်ရှုရှိုက်ရင်း ကျောက်စရစ်ခဲလမ်းကလေးပေါ် ဖြည်းဖြည်းမှန်မှန်လမ်း
လျှောက်ကာ မိမိအားသန်ရာသီချင်းသီဆိုခြင်း (သို့မဟုတ်) ဘုရားစာရွတ်ဖတ်ခြင်း (သို့မဟုတ်) တရားရှုမှတ်ခြင်းဖြင့်လူးလာတုံ့ခေါက်လျှောက်ခြင်းကစိတ်နှလုံးအေးချမ်းစေတဲ့ ပျော်ရွှင်ဖွယ်ရာအားကစားလေ့
ကျင့်ခန်းလေးပါပဲ။
ပေါက်ပေါက်

မှတ်ချက်များ