လိင်အဂါင်္ပြောင်းပြီး ပြန်လာခဲ့သူကို မိဘတွေက နွေးထွေးစွာကြိုဆို

ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကို လက်ခံပေးနိုင်တဲ့ မိဘတွေရဲ့ မေတ္တာတရားကို ဖော်ပြလိုက်တဲ့ သတင်းလေး ပါ။ မွေးလာတုန်းက သမီးဖြစ်ပေမယ့် လိင်အဂါင်္ပြောင်းလဲလိုက်တာမို့ သားတစ်ယောက်အဖြစ် လက်ခံပေးခဲ့ တဲ့ မိဘနှစ်ပါးဟာ သူတို့ရဲ့သမီးခုလို လုပ်လိုက်တာကို လက်ခံအားပေးတဲ့အနေနဲ့ အများသိစေဖို့ ခုလို
ကြော်ငြာလေးတစ်ခု ထည့်ခဲ့ပါတယ်။

"၁၉၉၅ခုနှစ်တုန်းက ကျွန်တော်၊ ကျွန်မတို့ရဲ့ ကလေး Elizabeth Anne ကို သမီးတစ်ယောက်အဖြစ် အားလုံးကို သိစေခဲ့ပါတယ်။ ခုတော့ ဒါဟာ အမှားတစ်ခုဆိုတာ သူက ကျွန်မတို့နှစ်ယောက်ကို အသိပေး လိုက်ပါပြီ။ ကျွန်တော်၊ ကျွန်မတို့ရဲ့ အမှားပါပဲ။ ခုချိန်ကစပြီး ကျွန်တော်၊ ကျွန်မတို့မှာ Eilzabeth Anne အစား သားလေး Kai Bogert တစ်ယောက် ရှိနေပြီဆိုတာ အားလုံးကို သိစေချင်ပါတယ်။

ကမ္ဘာပေါ်မှာ အလွယ်ကူဆုံးအရာကတော့ သားလေးကို ချစ်ရတာပါပဲ။ ကဲ သားရေ အခန်းကို သေသေ သပ်သပ်ဖြစ်အောင် ထားနော်" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

ကဲ မိဘတွေရဲ့ မေတ္တာတရားကတော့ အံ့မခန်းပါပဲ။ ဒီအကြောင်းဟာ လူမှုကွန်ယက်တွေမှာ တော်တော်
လေးကို ခေတ်စားနေတဲ့အကြောင်းအရာပါ။ အဓိက ပြောချင်တာကတော့ စိတ်ကူးစိတ်သန်းကောင်းတဲ့ မိဘတွေအကြောင်းပါပဲ။

Trend Myanmar


မှတ်ချက်များ