အီရတ်နဲ့ ဆီရီးယားနိုင်ငံတွေရဲ့ ဒေသတွေကို သိမ်းပိုက်ပြီး အစ္စလာမ်မစ္စစ် နိုင်ငံတော် အဖြစ် ကြေငြာ ထားတဲ့ ISIS စစ်သွေးကြွ အဖွဲ့ဟာ ဦးခေါင်းမပါတဲ့ အမေရိကန် ဓါတ်ပုံသတင်းထောက် James Foley ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ရယူချင်ရင် ဒေါ်လာ(၁)သန်း ပေးရမယ်လို့ အသိပေး ကြေငြာလိုက်ပါတယ်။
ဒေါ်လာ(၁)သန်း အရင်ပေးမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ သြဂုတ်လက တူရကီနယ်စပ်မှာ ခေါင်းဖြတ် သတ်ဖြတ်ခံလိုက်ရတဲ့ သတင်းထောက် Jame Foley ရဲ့ DNA နမူနာများကို ပေးပို့မှာ ဖြစ်ပြီး သူတို့ အနေနဲ့ ဒေါ်လာ(၁)သန်းရရှိပြီးမှ ခေါင်းမပါတော့တဲ့ ရုပ်အလောင်းကို ပြန်လည်ပို့ပေးမှာဖြစ်တယ်လို့ အတိအကျ ပြောဆို ကြေငြာထားပါတယ်။
ဆီရီးယားမှာ ဥရောပနိုင်ငံသား အစိုးရ၀န်ထမ်းနဲ့ သတင်းထောက် (၁၅)ယောက်ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးထားပြီး ဒေါ်လာသန်းပေါင်းများစွာနဲ့ ပြန်လည်ရွေးယူရန် ကြေငြာထားတာဖြစ်ပါတယ်။
အဲ့ဒီဓါးစာခံတွေထဲမှာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံသား တွေလဲပါဝင်ပါတယ်။ သူတို့ရဲ့ မိသားစုနဲ့ အစိုးရတွေကို ပြန်လည်ရွေးယူဖို့ အကြောင်းကြားထား ကြောင်းလဲသိရပါတယ်။
မင်းသုတ | Tachileik Online News

မှတ်ချက်များ