အော် သနားစရာပေပဲ ...
ကျဆုံး စစ်သည် သူရဲကောင်းကို အလေးပြုချင်တာမဟုတ်
ဒီဇင်ဘာ ၅ ရက်နေ့ ဆိုတာ ... သူ့တို့ရဲ့ အဘိုး ...
ဗိုလ်နေ၀င်း အာဏာလက်မဲ့ဘ၀နဲ့ ပင်ပန်းဆင်းရဲစွာ
အနိစ္စရောက်ခဲ့ရတဲ့ နေ့ ပေကိုး ... ဘ၀တသက်တာ
ဒေါသ မောဟ လောဘ မာန်မာနမီးတွေ အလျှံတငြီးငြီး
တောက်လောင်ရင်း ဘ၀ဆုံးခဲ့ရတဲ့ ရက်ပေကိုး ...
လားရာဘ၀သစ်ဆိုတာကလည်း အဆက်ဆက်
မကောင်းမှု အကျိုးဆက်ကြောင့် ၃၁ ဘုံမှာ အယုတ်နိမ့်ဆုံး
မဟာအ၀ီစိငရဲဘုံကိုသာ ကြွမြန်းရမှာမို့ ဆင်းရဲ ပင်ပန်း
ကြီးလှပေသကိုး ... ဒီလို တပည့်ကြီး သုံးယောက်ရဲ့
ကာပြန်ခြင်းခံရတဲ့ စိတ်သောကမီး ဝေဒနာဟာ
ကြီးလွန်းလို့ ခံစားရတဲ့ အချိန်ကာလ ခဏငယ်လေးမှာပဲ
ဗိုလ်နေ၀င်း အဖို့ ရှည်ကြာခက်ခဲခဲ့တဲ့ နေ့ပေကိုး ဗျ ...
ဗိုလ်နေ၀င်းခမျာ သေခြင်းမှာ ဆင်းရဲခြင်း ကြီးစွာ ခံ
ရသည်သာမက ရုပ်ပျက်ဆင်းပျက် သင်္ဂြိုဟ် ခံလိုက်
ရသေးတာကိုး ...
ရုပ်ကလပ်ကို တပ်မတော်သုဿာန်မှာပင် မြုပ်နှံဖို့
မဆိုထားနဲ့ အရပ်သားတို့ သင်္ချိုင်းမှာပင် ဂူသွင်းခြင်း
မပြုရ ... ဆွေမျိုးတစုကိုသာ မသာပို့စေပြီး မီးရှို့ပြာချ
ကြွင်းကျန်တဲ့ ပြာကို ရေမျှောစေခဲ့တာကိုး ...
ဒါကြောင့် ရာဇ၀င်သမိုင်းမကောင်းသူကြီးရဲ့ မြေးများခမျာ
ရှာကြံပြီး အဘိုး ဈာပန အောင့်မေ့တသပြီး ဒီနေ့ ဒီရက်
ကျဆုံးစစ်သည် ဆိုပြီး ပွဲသဘင် ကျင်းပရ ရှာတယ် ...။
အော် ကန်တော့စရာ အထိမ်းအမှတ်မှ မရှိပေဘဲကိုး ဗျ ...
အင်း ... သတိသံဝေဂ ယူသင့်ကြပါပြီ ....။
နောက်ထပ် နောက်ထပ် ... ရာဇ၀င်သမိုင်းမည်းသူ
ရာဇ၀တ်သားများရဲ့ ဘ၀များသည်လည်း မကြာတော့ပါ ...
အချိန်တန်နေပါပြီ ...။
ဗြန် ။
Al Khon Bransai Facebook မှကူးယူဖော်ပြသည်

မှတ်ချက်များ