RBE ရထားတွဲ စတင်ပြေးဆွဲ
အများပြည်သူ သွားလာရေးလွယ်ကူစေဖို့နဲ့ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြေရှင်းဖို့ ရန်ကုန် ကမ်းနားလမ်း တစ်လျှောက်က ရထားလမ်းမှာ RBEရထားတွဲ စတင်ပြေးဆွဲနေပါပြီ။ ပန်းဆိုးတန်းဆိပ်ကမ်းနဲ့အတူ ရထား သစ် ၂စင်း စတင်အသက်ဝင်နေပါပြီ။
ဘူတာတွေမှာ ပလက်ဖောင်းလို လမ်းမရှိတဲ့အတွက် ရထားပေါ်တက်ရတာ မြင့်နေတဲ့အခက်အခဲရှိတယ်လို့ ဘူတာစာရေးကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။ ဘူတာတွေမှာ ပလက်ဖောင်နဲ့ ကားမှတ်တိုင်လို အမိုး အကာတွေ လုပ်မယ်လို့ အထက်အရာရှိတွေ ပြောထားပေမယ့် ဘယ်တော့လုပ်မယ်ဆိုတာ မသိသေးတဲ့ အကြောင်း၊ ရထားပြေးဆွဲတဲ့ ၂ရက်အတွင်း အပျော်စီးတဲ့ ခရီးသည်တွေကိုပဲ တွေ့သေးတယ်လို့ ဆိုပါ တယ်။
စတင်ပြေးဆွဲတဲ့ ဒီဇင်ဘာ ၇ရက်နေ့က ခရီးသည် ၁ဝဝဝလောက်ရှိလို့ ဝင်ငွေ တစ်သိန်းလောက်ရခဲ့ပြီး
မြန်မာ့မီးရထားလုပ်ငန်းမှာ ကုန်ရထားကလွဲလို့ အမြတ်မရှိဘူးလို့ ဆိုပါတယ်။ ကားနဲ့ယှဉ်မောင်းရတဲ့အခါ ကားနဲ့ရထားကြား မျဉ်းဝါတစ်ကြောင်းပဲ ဆွဲထားလို့ အန္တရာယ်များတာကြောင့် အုတ်ရိုးလို လုပ်ပေးရင်
ကောင်းမယ်လို့ အကြံပြုလာသူက စက်ခေါင်းမောင်းတဲ့ ဦးကျော်စိန်ဝင်းပါ။
ကွန်တိန်နာကားကြီးတွေက မသိဘဲနဲ့ ရထားလမ်းပေါ် ကျော်တက်လာတာကြောင့် ပွတ်ဆွဲမိမှာလည်း
ကြောက်ရသလို သင်္ဘောကျင်းထဲက ကားတွေထွက်လာတာမို့ ရထားကို ကားမောင်းသလို သတိထားပြီး ဘရိတ်ဖမ်းနေရတယ်လို့ ပြောပါတယ်။ မီးပွိုင့်စောင့်ရတာ၊ ကားတွေကို ရပ်ဖို့ပြောရတာရှိပြီး လူတွေက ရထားလမ်းကိုမသိတာကြောင့် အရေးပေါ် ထိုးရပ်ရတာလည်း ရှိတယ်လို့ ဆိုပါတယ်။
RBE ရထားအသစ်နှစ်စင်းဟာ ပန်းဆိုးတန်း-ပုစွန်တောင်နဲ့ ပန်းဆိုးတန်း-ထော်လီကွေ့ကို ပြေးဆွဲနေတာ
ဖြစ်ပြီး လက်မှတ်က ကျပ် ၁ဝဝဖြစ်ပါတယ်။ ပုစွန်တောင်-ရေကျော်၊ တာဝတိံသာ၊ လင်းစဒေါင်း၊ ဗိုလ်တ
ထောင်၊ ပန်းဆိုးတန်းခရီးစဉ်က မနက် ၆နာရီ မိနစ် ၂ဝကနေ ညနေ ၆နာရီခွဲထိ ပြေးဆွဲနေသလို ထော် လီကွေ့၊ ဝါးတန်း၊ မော်တင်၊ စဥ့်အိုးတန်း၊ ရွှေတိဂုံဘုရားလမ်း၊ ပန်းဆိုးတန်း ခရီးစဉ်ကိုတော့ မနက် ၇နာရီ ကနေ ညနေ ၅နာရီ ၅၅မိနစ်အထိ တစ်နေ့ကို အသွားအပြန် ၁၄ခေါက် ပြေးဆွဲနေပါတယ်။
အလုပ်နားတဲ့ရက် ဆွေမျိုးတွေခေါ်ပြီး ရထားအသစ်လာစီးကြည့်သူက ဒေါ်ချိုချိုပါ။ ဘူတာမှာ အချိန်အတိ အကျသိရပြီး ဘတ်စ်ကားကို စိတ်မှန်းနဲ့စောင့်ရတာထက်စာရင် ခရီးရောက်တယ်လို့ မှတ်ချက်ပေးပါတယ်။
ပြေးဆွဲတာ ၂ရက်ပဲရှိသေးလို့ အခြေအနေကို စောင့်ကြည့်ချင်သေးတဲ့ ကိုကြည်ဝင်းထွန်းက ပြေးဆွဲခါစမို့ လုံခြုံရေးအတွက် ဖြည်းဖြည်းမောင်းနေတာဖြစ်ပြီး ရုံးသမား၊ ကျောင်းသားတွေအတွက်ဆိုရင် လိုနေသေး တယ်လို့ သူထင်တဲ့အကြောင်း၊ အပျော်စီးနေကြပေမယ့် ကားနဲ့ရထား အပေးအယူမျှရင် အဆင်ပြေ သွားမယ်လို့ အကြံပေးပါတယ်။
kamayutmedia

မှတ်ချက်များ