မြန်မာနိုင်ငံအတွင်း ကရင်လူမျိုးများရောက်ရှိ အခြေချသည်မှာ နှစ်
ပေါင်း ၂၇၀၀ ကျော်ပြီဖြစ်ကြောင်း ဒီဇင် ဘာ ၂၁ ရက်က ပြုလုပ်
သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဟောပြောပွဲ အခမ်းအနား ၌ ရန်ကုန် တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဖဒိုစောထွန်းအောင်မြင့်က ပြောကြားသည်။
‘‘နှစ်ပေါင်း ၂၀၀၀ ကျော်၊ ၃၀၀၀ နီးပါး၊ ကရင်လူမျိုးတွေ မြန်မာပြည် မှာ လူမျိုး တစ်မျိုးအနေနဲ့ ခိုင်မာစွာ ဆက်လက်ရပ်တည်ရှင်သန်နေ
နိုင်ခြင်းမှာ ကရင်လူမျိုးများသည် မိမိတို့ ဘာသာစကား၊ စာပေယဉ်
ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများ ခေတ်အဆက်ဆက် အမြတ်တ
နိုးထိန်းသိမ်းကာကွယ်စောင့်ရှောက်ထား နိုင်ခြင်းကြောင့် ဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။
ထို့ကြောင့်လည်း ကရင် စကား၊ ကရင်စာပေ၊ ကရင်ယဉ် ကျေးမှုအ က၊ ကရင်တေးသီချင်း များနှင့်ကရင်တူရိယာ၊ကရင် ပြက္ခဒိန်အစရှိသဖြင့်လက်ရှိတည်ရှိနေခြင်းဖြစ်ကြောင်း
ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ကလည်း ထုတ်ပြန်ထား သည်။
မြန်မာပြည် မြောက်ဖျားဒေသမှ လူမျိုးစုအများအပြားနိုင်ငံအတွင်းသို့ ၀င်ရောက်လာပြီး တိဗက်ဗမာ၊ မွန်ခ မာနှင့် ကရင်လူမျိုးများ ၀င်ရောက်လာသည်ဟု နားလည်ထားကြောင်း ကရင်လူမျိုး မန်းကျော်ညွန့်က ပြော သည်။
‘‘ကရင်လူမျိုးတွေက တစ် သုတ်ပြီး တစ်သုတ်ဝင်ရောက် လာတာပါ။ ခရစ်တော်မပေါ်မီ ဘီစီ ၇၃၉ မှာ ကရင်လူမျိုးတွေ နောက်ဆုံးတစ်သုတ်အနေနဲ့ ၀င်ရောက်လာတာပါ။ တွက်မယ်ဆို နှစ်ပေါင်း ၂၇၅၄ ပေါ့’’ ဟု ကရင်သမိုင်းမှတ်တမ်းများကို ကိုးကား၍ အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ကျောင်း၌ ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်၏ ဗဟိုကော်မတီဝင်လည်းဖြစ်သူ မန်းကျော်ညွန့်က ပြောကြားသည်။
လွန်ခဲ့သော (၇၇) နှစ်ကျော် က အမြော်အမြင်ကြီးမားသော ကရင်ဘိုးဘွားများ စည်းလုံးညီ ညွတ်မှုကြောင့် ကရင်အမျိုးသား သီချင်း၊ ကရင်အမျိုးသား အလံ တော်နှင့် ကရင်အမျိုးသားနှစ်သစ် ကူးပွဲကိုလည်း တရား ၀င်ကျင်းပ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။
နှစ်ဟောင်းကုန်၍ နှစ်သစ် ကူးပွဲတော်အဖြစ် ကရင်တိုင်းရင်း သားများက ကရင်အမျိုးသားနှစ် သစ်ကူးပွဲ
တော်၊ ကောက်သစ်စား ပွဲတော် အထိမ်းအမှတ် နှစ်သစ် မင်္ဂလာနေ့မြတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် အင်းစိန်မြို့ နယ် အာလိန်ငါးဆင့်ကျောင်း၌ ဒီဇင်ဘာ ၂၀ မှ ၂၃ ရက်အထိ ကရင်အမျိုး သားနှစ်သစ်ကူး ပွဲတော် ကျင်းပနေပြီး မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်း ကျင်းပခဲ့သည်။
ဇေနွေထွန်း | 7daydaily

မှတ်ချက်များ