မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ် ဆယ်အတွင်း၌ ဆေးလိပ်သောက် သုံးသူနှင့်
ကွမ်းစားသူဦးရေမှာ သုံးဆခန့်
မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏
သု တေသနစာတမ်းများအရ သိရှိရသည်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ ယခု ၂၁ ရာစုအထိ ဆေးလိပ် သောက်သုံးမှု
လျော့ကျမသွားဘဲ ဆေးလိပ်သုံး စွဲမှုဦးရေမှာ နှစ်ဆ၊ သုံးဆခန့် တိုးလာသကဲ့သို့
၂၀၀၉ ခုနှစ်က အသက်(၁၃)နှစ်မှ (၁၅) နှစ်ကြား ကျောင်း သားအရွယ်များ တွင်
ကွမ်းစားသုံးမှု ၆ ဒသမ ၅ ရာ ခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၁ ခုနှစ်၌
ကွမ်းစားသုံးမှုမှာ ၁၈ ဒသမ ၆ ရာခိုင်နှုန်းအထိ သုံးဆခန့် မြင့်တက်လာခဲ့ခြင်း
ဖြစ်သည်။
‘‘ခြုံငုံကြည့်မယ်ဆိုရင် စစ်တမ်းတွေအရ လူငယ်လူရွယ်ထုအတွင်း ကွမ်းယာစားသုံးမှုနဲ့ ဆေးလိပ်သောက် သုံးမှုဟာ နှစ်အနည်း
ငယ်အတွင်းမှာကို မြန်မြန်ဆန်ဆန်တိုးပွားလာနေတယ်။ဒါ့ ကြောင့်
ဆေးလိပ်သောက် သုံးခြင်း သာမက ကွမ်းစားသုံးခြင်းကိုလည်း
ကျန်းမာရေးရှုထောင့်အရရော ပတ်ဝန်းကျင်သန့်ရှင်းမှုရှု
ထောင့် အရပါ
ထိန်းချုပ်ဖို့ စဉ်းစား သင့်နေပြီ’’ ဟု ကျန်းမာရေးဝန်ကြီး ဌာနက
ဒုဝန်ကြီးဒေါက်တာဝင်းမြင့် က ပြောကြားသည်။
ထိုကဲ့သို့
မြင့်တက်လာခဲ့ခြင်း မှာ ဈေးကွက်တွင် ဆေးလိပ်နှင့် ကွမ်းယာများ အလွယ်တကူဝယ်
ယူရရှိနေ
ခြင်း၊ ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများ တွင်ကျယ်စွာ
မလုပ်ကိုင်နိုင်သေးခြင်းတို့အ ပြင် ဥပဒေအရ အရေးယူဆောင် ရွက်မှုများ
အားနည်းနေခြင်း တို့ကြောင့် ဖြစ်သည်။
‘‘ဒါ့ကြောင့် ဆေးလိပ်နဲ့
ဆေးရွက်ကြီးထွက်ပစ္စည်းတွေမှာလူရဲ့ကျန်းမာရေးကိုထိခိုက်နိုင်ပြီးအသက်အန္တရာယ်
ပေးနိုင်တဲ့အတွက် ဆေးလိပ်သောက်ခြင်းနဲ့
ကွမ်းစားခြင်းတိုးပွားလာတာတွေကို ပညာပေးဟောပြောစည်း ရုံးတာတို့၊
ဆေးလိပ်ဖြတ်ကုသပေးတာတို့အပြင် ဥပဒေစည်းမျဉ်းတွေကိုစနစ်တကျချမှတ်အကောင်အထည်
ဖော်ဖို့လိုတယ်။ အလွှာပေါင်းစုံပါဝင်ဆောင်ရွက်မှသာ
အောင်မြင်နိုင်မှာပါ’’ဟုပြည်သူ့ ကျန်းမာရေးဖောင်ဒေး ရှင်းဥက္ကဋ္ဌ
ဒေါက်တာသန်းစိန်က တိုက်တွန်း ပြောကြားသည်။
မြန်မာနိုင်ငံတွင်
ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံး စွဲသူဦးရေ ၁၀၀ လျှင် ၄၆ ဦးမှာ
ကွမ်းစားသုံး သူများဖြစ်ပြီး ကျန် ၅၄ ဦးမှာမူ ဆေးလိပ်သောက်သုံး
သူများဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ စာ ရင်းဇယားများအရ သိရသည်။
ထို့ပြင် ဆေးလိပ်၊ ဆေးရွက် ကြီးသုံးစွဲခြင်းကြောင့် အဆုတ် ကင်ဆာရောဂါနှင့်
ကွမ်းယာထဲ၌ ဆေးရွက်ကြီး ထည့်စားသုံးမှု ကြောင့် ခံတွင်းကင်ဆာရောဂါဖြစ်
ပွားမှုနှုန်း မြင့်တက်လျက်ရှိနေ သည်ဟု ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့ (WHO)က
သတင်းထုတ်ပြန်ထား သည်။
ယမင်း | 7day

မှတ်ချက်များ