အသက်အကြီးဆုံး ဒီဂျေတီးခတ်သူ အမျိုးသမီး
ကြီးမားတဲ့ နေကာ မျက်မှန်၊ တောက်ပြောင်တဲ့ အ၀တ်အစား၊ ဒီဂျေနားကြပ် စတာတွေကို ၀တ်ဆင်ပြီး ဒီဂျေကို အားရပါးရ တီးခတ်နေတဲ့ အဘွားအို တစ်ဦးရှိ ပါတယ်။ သူ ဟာ အသက် (၇၀) နှစ်ရှိနေပြီ ဖြစ်ပါ တယ်။ သူ့ကို ကမ္ဘာ့ အသက်ကြီးဆုံး ဒီဂျေတီးခတ်တဲ့ အမျိုးသမီး အဖြစ် သတ်မှတ် ထားပါတယ်။ သူဟာ ဥရောပမှာ ရှိတဲ့ နိုက်ကလပ် တွေမှာ ဒီဂျေ အစွမ်းတွေကို ထုတ်ပြလေ့ရှိ ပါတယ်။ အသက် (၆၅) နှစ်အ ရွယ်မှာ ဒီဂျေတီးခြင်းကို စတင် လေ့လာခဲ့တာ ဖြစ်ပါတယ်။
မြေးဖြစ်သူ ရဲ့မွေးနေ့ ပါတီပွဲကို သွားရောက် ရာမှ တစ်ဆင့် ဒီဂျေ တီးခတ်ခြင်းကို ၀ါသနာပါခဲ့တာ ဖြစ်ပါ တယ်။ သူ့ရဲ့ နာမည် ကတော့ ရုသ်ဖလားဝါးလို့ အမည်ရပါတယ်။ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို တက်ရောက် ခဲ့တဲ့ ရုသ်ဖလားဝါးက လူငယ်တွေ ဒီဂျေ ပညာ ၀ါသနာပါပုံ ကို သိရှိခဲ့ပြီး ဒီဂျေ တီးခတ်ခြင်းကို လေ့လာ ခဲ့တာ ဖြစ်ပါတယ်။
ရုသ်ဖလားဝါးက ဒီဂျေ တီးခတ်ရာမှာ ဆူညံမှုတွေ ဖြစ်ပေါ်စေပေမယ့် အလွန် စိတ်ဝင်စားစရာ ကောင်းတဲ့ ပညာရပ် ဖြစ်ကြောင်း၊ မိသားစုက လည်း ဒီဂျေတီးခတ်မှုကို အားပေး ထောက်ခံကြောင်း ပြောကြားခဲ့ ပါ တယ်။ ရုသ်ဖလားဝါးဟာ အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုး မြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။
Messenger News Journal

မှတ်ချက်များ